ဝစ္စနှစ်လုံးပေါက် မေးခွန်း

၁။ ဆွဲး ကို မေးတယ်။

၂။ ဝစ္စနှစ်လုံးပေါက်မထည့်ပဲ (မဲ)လို့ အသံထွက် မရဘူးလားခင်ဗျာ။ မဲးပင်၊ မဲးမဲးသဲးသဲး၊ မဲးလိပ်။

မကြာခဏ တင်ပြထားတယ်။

မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ ယ္ခု၊ မိမ္မ၊ ဆုမ္မ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။

ဝစ္စနှစ်လုံးပေါက်တွေနဲ့ အောက်မြစ်တွေ ဖြုတ်ရေးလာတာ ကြာပြီ။ ၁၉၅၃ နဲ့ ၁၉၅၄ ခုနှစ်ထုတ် သတ်ပုံကျမ်းတွေ ပါသေးတယ်။ ၁၉၆၁ ခုနှစ်ထုတ် ဝဏ္ဏဗောဓနသတ်အင်းမှာ မပါတော့ပါ။

အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရပြောင်းတာ မည်ပါတယ်။ ပိုလွယ်ကူပြီး အဓိပ္ပါယ်လည်း မပြောင်းစေပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ