ထောင်ထမင်း

ရှင်လိန်ပြန်၊ မင်္ဂလာဆောင်နဲ့ ထောင်ကထွက်တဲ့နေ့တွေဟာ လူ့ဘဝရဲ့ အပျော်ဆုံးနေ့တွေလို့ ဆိုကြပါတယ်။

ငယ်လင်ငယ်မယား စုံတွဲတွေအတွက် မင်္ဂလာရက်က အပျော်ဆုံးဖြစ်ပါမယ်။ ညစာမစားခဲ့ရတဲ့ ဒုက္ခကနေ လွတ်လာကြတဲ့ ကိုရင်ငယ်တွေ ရှင်လူထွက်တော့ ပျော်ကြတာလည်း အမှန်။

ကနေ့ ထောင်ကလွတ်လာသူတွေ အရင်က ဘယ်နှစ်ကြိမ်ကျခဲ့ပါသလဲ။ တကြိမ်မက ကျခဲ့သူတွေလည်း မနည်းလောက်ပါ။ သူတို့က ပျော်တယ်လို့ ပြောကြရဲ့လား။

နိုင်ငံရေးကြောင့် ထောင်တကြိမ်တည်းသာကျရမယ်လို့ မရှိပါ။ တချို့ဆို အကြိမ်ကြိမ်၊ အခါခါ၊ နှစ်လရှည်ကြာစွာ ထောင်ကျကြတယ်။ သူတို့ထူလာတာ ကျွဲပခုံး၊ ဆင်ပခုံး မကပါ။

ကျွန်တော်က (အခုထိ) ထောင်မကျဘူးပါ။ ထောင်ထဲမှာတော့ တရက် (တနေ့ခင်းသာ) နေရဘူးတယ်။ မန္တလေးနန်းတွင်းထောင်မှာ ဆေးကျောင်းသားဘဝက။ ယင်ကောင်တွေနဲ့ လုစားခဲ့ရတဲ့ ထောင်ထမင်းကို သတိရတယ်။ ထောင်ထဲကနေ ဆေးကျောင်းဆောင်ကိုပြန်ရောက်တော့ ကျောင်းတွေက ပိတ်ပြီ။ အဆောင်က ထမင်းမကျွေးတော့ပါ။ ရတားနဲ့ မုံရွာအိမ်ပြန်ရတယ်။ အမေချက်ကျွေးတဲ့ ညစာထမင်းကို မမေ့ပါ။

YBS ပေါ်ကဆင်းပြီး အိမ်မှာ ထမင်းစားရသူတွေကို ကိုယ်ချင်းစာမိပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ