ပန်းပွင့်လေးဆယ်

ဤလူ့ရွာသို့

ငါလာခဲ့ငြား၊ ဤတံခါးမှ

ဖဝါးခြေလှမ်း၊ နေကြာပန်းကား

ပန်းပွင့်လေးဆယ် ပြည့်တော့မည်။

ဆရာမိဖ၊ ဆုံးအမဖြင့်

ဘဝတခွင်၊ လူဟုတွင်လျက်

သိမြင်သမျှ၊ တေးအလှကို

ဝေငှချိုမြိန်စေခဲ့သည်။

နောင်သောအခါ၊ ပန်းနေကြာတို့

တရာတိတိ၊ ပွင့်သည်ရှိသော်

ငါ၏တာဝန်၊ နှလုံးမွန်ဖြင့်

ကျေပွန်စွာပင်၊ ထမ်းမည်ပြင်လျက်

အဆင်သင့်ပေ၊ ပန်းနှယ်ဝေအံ့။

မိဖသခင်၊ ဆရာရှင်ငဲ့ ့့့

ကြည်လင်ငြိမ်းချမ်း၊ မေတ္တာပန်းတို့

ငါ့လမ်းပေါ်၌ ပွင့်စေသတည်း။

၁၅-၁၁-၁၉၇၃ နေ့မှာ ဆရာတင်မိုး ရေးသားခဲ့တာပါ။ ဆရာတင်မိုးက ၁၉၃၃ ခုနှစ် နိုဝင်္ဘာလ ၁၉ ရက်နေ့မှာမွေးဖွားခဲ့ပြီး ၂၂-၁-၂၀၀၇ နေ့မှာ ကွယ်လွန်ပါတယ်။ ပန်းပေါင်းတရာ မပွင့်နိုင်ပေမဲ့ ဆရာ့ကဗျာပန်းတွေဟာ ရာထောင်သိန်းသန်း လန်းလျက်ပါ။

ဆရာ့ပန်းမူရင်းတွေက လန်းပေ မွှေးပေမဲ့ တစသတ် ပိတုံးတွေက မည်းနက် မှောင်နေအောင် များတယ်ဆရာ။ 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ