တထောင် စာလုံးပေါင်း

ကလေးမြို့မှာ သွေးတိုး၊ ဆီးချိုနဲ့ ကွယ်လွန်သူအတွက် သူ့အမျိုးက ဘုန်းကြီးကျောင်းမှာ တနေ့က ဆွမ်းကပ်တယ်။ ပင့်ဖိတ်သံဃာ သုံးပါးကြွတယ်။ တကြိမ်မှ မတွေ့ဖူးသေးတဲ့ ဆရာတော်တပါးလည်း ပါတယ်။ စကားစပ်တော့ ပုလဲအဆက်၊ မုံရွာအဆက်၊ ဗောဓိတထောင်အဆက် ဖြစ်နေတယ်။ 

ဗောဓိတထောင်တည်စကတည်းက အဲဒီမှာသီတင်းသုံးခဲ့တယ်။ ဗောဓိတထောင် မူလဆရာတော်ကြီးနဲ့ သက်ဆိုင်တာ တချို့ ပြောပြတယ်။ စိတ်ဝင်စားစရာတွေ။

ကျွန်တော်လည်း ဗောဓိတထောင်မှာ ညောင်ပင်တွေ လူတရပ်လောက်သာရှိစဉ်က ရောက်ဖူးတယ်။ ဆရာတော်ကြီးက ဓါတ်လုံးတလုံး ပေးလိုက်တယ်။ အတော်ကြာအထိ သိမ်းထားတယ်။ နိုင်ငံရေးကြောင်း ပြေးရလွှားရနဲ့ ပျောက်သွားပြီ။

ဆရာတော်ကို မေးလိုက်တယ်။ ဗောဓိတထောင် စာလုံးပေါင်း။ ဆရာတော်ကြီးက သတ်ပုံကိုပြင်တာ လက်မခံဘူးတဲ့။ (တစ်) လို့ရေးချင် ဒီဘုရားမှာ ပွဲလာမလုပ်ကြနဲ့တဲ့။ အရင်စစ်အစိုးရလက်ထက်က။

ဘုရားတည်တဲ့ ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ။ အင်နယ်လ်ဒီအစိုးရလက်ထက် တရက်မှာ ဗောဓိတထောင် ဝေယျာဝစ္စအသင်းရဲ့ တီရှပ်မှာ (တစ်) ထားတယ်။

၂၀၁၈ နွေရာသီမှာ အလည်တခေါက်ရောက်တော့ ရပ်တော်မူဘုရားကြီးက အံ့ဘနန်း။ သတ်ပုံမှန်သာ အဓွန့်ရှည်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ