ဖစ် နှင့် ကင်ဆာ အမျိုးတော်ပါသည်

မနက်ဖြန်ကီမိုပထမဆုံးအကြိမ်သွင်းရမှာမို့လ်ု့ပါ အားဖစ်အောင်ဘယ်လိုတွေအများကြီးစားရမလဲရှင့် ရှောင်ကြဉ်ရမှာတွေပါ ပြောပေးပါရှင့် (ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့ရတာ။ ဆရာဝန်ကိုမေးလည်း မဖြေတတ်ပါ။ နေမကောင်းသူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။)
1. ကင်ဆာဖစ်(ဖြစ်)တိုင်းမကင်ရပါ
2. ကင်ဆာဖစ်(ဖြစ်)တဲ့အတွက်မပေါ့ပါနဲ့ - ဖစ်ဆိုတာ ကင်ဆာ။ ဖြစ်က ကင်ဆာမဟုတ်။
3. ကင်ဆာဖစ်(ဖြစ်)သူတိုင်းကသေရမှာကုသနည်းမရှိဘူးလားပြောပြကြပါအုံးရှင့်
4. ကျန်းမာရေး ကြောင့်လား ဝေခွဲမရဖစ်(ဖြစ်)နေလို့ပါ
5. ကျမသဘောကတော့ အစာပြတ် ရေပြတ်ဖစ်ပီး(ဖြစ်ပြီး) ဒီတိုင်းကြီးကြည့်နေရမဲ့အစား အစာလေးဝင်သေးတော့ ပြန်ကောင်းလာနိုင်မလားလို့ပါ ကျမအဖေက အဆုတ်ကင်ဆာပါ
6. ကျွန်မ ဆီးခဏခဏသွားတာကလွဲလို့ ချမ်းတုန်ဖျား ဗိုက်အောင့်တွေ မဖစ်(ဖြစ်)ပါဘူးဆရာ 
7. ကျွန်မအမေက ရင်သားကင်ဆာပါ ကီမိုသွင်းပီး(ပြီး) ဓာတ်ကင်ပီးပါပီ(ပြီးပါပြီ) ဓာတ်ကင်နေတုန်း ၁၅ကြိမ်လုံးဘာမှမဖစ်(ဖြစ်)ပါ နောက်၃ရက်လောက်နေမှလည်ပင်းမှာမဲ အသားတွေလန်လာပီး(ပြီး) အနာဖစ်(ဖြစ်)နေလို့ပါ
8. ကျိုင်းတုံရောက်ရင်အမြဲစားဖစ်(ဖြစ်)တယ်
9. ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။
10. ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ
11. ဆရာခင်ဗျာ ကျနော်လက်နှစ်ဖက်စလုံး လက်သန်းထိပ်ပဲကျဉ်နေလို့ခင်ဗျာ ဘာရောဂါဖစ်(ဖြစ်)လည်း သိချင်လို့ပါ
12. ဇဝေဇဝါဖစ်(ဖြစ်)နေတာတွေ ရှင်းလင်းပေးခဲ့လို့ ကျေးဇူးအထူးတင်ပါတယ်ရှင်
13. တစ်ခု(တခု)လောက်မေးပါရစေရှင် အတွင်းတက်ရောဂါလဲရှိတယ် ခဏလေးထိုင်နေရင်တောင် ခြေတွေလက်တွေကထုံကျင်လာတယ် ခေါင်းပိုင်းကျတော့လဲ မူးသလိုလို ခေါင်းကိုက်သလိုလိုနဲ့ အန်တာတွေလဲဖစ်(ဖြစ်)တယ် သိရင်ပြောပေးကြပါနော် မခံနိုင်လို့ပါ (ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့ရတာ။ ဆရာဝန်ကိုမေးလည်း မဖြေတတ်ပါ။ နေမကောင်းသူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။)
14. ဒီ group နဲ့မဆိုင်ပဲမယ် ဘယ်သူမေးရမလဲမသိလို့ ကတွင်းထဲအနာဖစ်(ဖြစ်)နေလို့ ဆေးခန်းတွေစုံနေပီ(ပြီ) မသက်သာလို့ရန်ကုန်မှာ ကတွင်းအထူးကု ဆရာဝန် လိပ်စာလေး ညွန်ပေးပါလား (ခံတွင်းလို့ ရေးရ။)
15. နှာခေါင်းကင်ဆာဖစ်(ဖြစ်)ဖူးတဲ့သူများရှိရင်ဖစ်(ဖြစ်)ပုံလေး ပြောပြပေးပါလားရှင့်
16. နေမကောင်းဖစ်ပီ(ဖြစ်ပြီး) သွေးမဟုတ်ပဲ နှာခေါင်းထဲက ပြည်လိုမျိုးအနံ့ထွက်နေတာ ဘာဖစ်(ဖြစ်)တာလဲဟင်ဆရာ
17. ပထမ တခါဖစ်(ဖြစ်)တုန်းက တိုက်တဲ့ဆေးမမှတ်မိတော့လို့ပါဆရာ
18. ပြန်ဖစ်(ဖြစ်)ချင်သလိုဖစ်(ဖြစ်)နေလို့ပါ ကျွန်တော်ညီမ (AMLအမျိုးအစား)
19. ဖစ်(ဖြစ်)တာ တူမလေးပါ အသက်၂၀ဝန်းကျင် အပျိုပါ biopsy တင်ထားပါတယ် ကျန်ခဲ့လလောက်ကမှ 
20. ဖစ်(ဖြစ်)တာတာတူမလေးပါ အသက်၂၀ဝန်းကျင် အပျိုပါ biopsy တင်ထားပါတယ် ကျန်ခဲ့လလောက်ကမှ ရင်ဘတ်မှာအကျိတ်စမ်းမိတာပါ မိဘတွေက မအားတာနဲ့ မပြဖစ်(ဖြစ်)ဘူး ကျန်ခဲ့ရက်ကမှ ပြဖစ်(ဖြစ်)တော့ minor case ဆိုပီး(ပြီး) တခါထဲ ခွဲထုတ်လိုက်ပါတယ် ခွဲကာမှ အကျိတ်ကထင်တာထက် ကြီးနေပါတယ် ထုတ်ရတာ နဲနဲခက်တယ်ပြောတယ် ခွဲတဲ့ dr တွေက နောက်ထပ် အကျိတ်လဲရှိသေးတယ် ပြောပါတယ်
21. ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်
22. မင်္ဂလာပါ သမီးဖေဖေက လည်ပင်းမှာ အကျိတ်တွေဖစ်(ဖြစ်)နေတာကနေ အာခေါင်မှာလဲ အကျိတ်တွေ့လို့ အသားစစစ်တာကင်ဆာလို့သိရပါတယ်ရှင့် 
23. ယောက်ကျားလေးပါ နို့မှာအခဲပုံစံဖစ်(ဖြစ်)နေလို့ပါ နာပါတယ် မရွေ့ပါပြီး ခဲပြီးနာနေပါတယ် ၂ နှစ်လောက်ပဲ ရှိသေးတာပါ နာပြီး ၂ ရက်လောက်နေရင် ပြန်ပျောက်သွားပါတယ် အရင်က ပိန်တုန်းက မသိပါဘူး အခုဝလာမှာ ဖြစ်လာတာပါ စိုးရိမ်ရလားဗျ
24. ရင်သားကင်ဆာအဆင့် ၁ပါ ဖြတ်ထုတ်လိုက်တာနှစ်လကျော်ပီ(ပြီ) အနာကျက်မှ အနာရွတ်ပေါ်ကနေ အရည်ပျော့လေးတေ(တွေ) ပြန်ဖစ်ပီး(ဖြစ်ပြီး) အနာပြန်ဖစ်(ဖြစ်)လို့ ဘယ်လိုဖစ်(ဖြစ်)တာလဲ ဘာလုပ်ရမလဲသိတဲ့လူများပြောပြပေးပါရှင်
25. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီး ကိုက်နေတာ ဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
26. လည်ချောင်းကင်ဆာက ချောင်းတအားဆိုးတယ် တံတွေးလဲ ခနခန(ခဏခဏ)ထွေးရတယ် အစာလဲ စားမဝင်ဘူး အဲ့လိုဖစ်(ဖြစ်)တာလားဗျာ
27. သားအိမ်ကင်ဆာဖစ်(ဖြစ်)နေတာကိုကလေးယူလို့ရလားသိတဲ့သူများဖြေပေးကြပါအုံး
28. ဟုတ်တယ်ဆရာ ကျနော့်မှာဆို နှုတ်ခမ်းမှာပဲ ဖစ်(ဖြစ်)တာ အပူနာလိုပဲ သုံးနှစ်ရှိပီ(ပြီ) ဆောင်းတွင်းရောက်တိုင်း ဖစ်(ဖြစ်)နေတယ်ဆရာ
29. အကျိတ်ကလေဖစ်(ဖြစ်)ခါစနဲ့ခွဲတဲ့အချိန်၁လလောက်မှာတင်အကြီးမြန်လာတာပါ တခြား ရင်သားပုံစံ ပြောင်းလဲတာတော့ မရှိပါဘူး ကင်ဆာဖစ်နိုင်ရှိလားသိချင်တာပါ အဖြေက ၂၆ ရက်နေ့မှရမှာမို့ပါ အကျိတ်ကကြီးလာတော့ နာပါတယ်
30. အစာဟောင်းကင်ဆာဖစ်(ဖြစ်)နေတာပါဆေးလည်း၁၀ကြိမ်တောင်သွင်းပြီးပြီခွဲစိတ်ပြီး
31. အဒေါ်ကရင်သားအကြိတ်ဖစ်(ဖြစ်)လို့ အပျိုကြီးပါ ဖြတ်ရမယ်ပြောပါတယ်
32. အဖေက ပါးစောင်ကင်ဆာပါ ဆရာဝန်တွေကတော့ အခုမှစစဖစ်(ဖြစ်)တယ်လို့ပြောပါတယ်
33. အမေဆုံးသွားပီ(ပြီ)ဖစ်(ဖြစ်)သောကြောင့် ကင်ဆာဝေဒနာရှင်များအတွက်
34. အသက် ၂၂ ကျား ဖစ်(ဖြစ်)တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်(ဖြစ်)နေလို့ပါ
ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။ ဖစ် ဆိုတာ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။ ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။
ဖြစ်
ခဏဖြစ်ဖြစ်
တယောက်ဖြစ်ဖြစ်
နေထိုင်မဖြစ်
ဖြစ်ကတတ်ဆန်း
ဖြစ်ကြောင်းကုန်စင်
ဖြစ်ခဲ
ဖြစ်စဉ်
ဖြစ်စဉ်ပြန်တမ်း
ဖြစ်ဆန်းကာ
ဖြစ်ထကျင်သ = ဖြစ်ထကျင်သော
ဖြစ်ထွန်း
ဖြစ်ထွေ
ဖြစ်ပုံ ပျက်ပုံ
ဖြစ်မြဲ
ဖြစ်မှ ဖြစ်ရပလေ
ဖြစ်မှ ဖြစ်ရသေး
ဖြစ်ရိုးဖြစ်စဉ်
ဖြစ်လျှင်ကောင့် = ဖြစ်လျှင်မူကား
ဖြစ်လွယ်
ဘာပဲဖြစ်ဖြစ်
မသွားဖြစ်
ရှေ့ဖြစ် နောက်ဖြစ်
သွားလာဖြစ်အောင်
အဖြစ်အပျက်
ဖစ်
ဖစ်ရှားလမ်း
ဖစ်လမ်း
ဖစ်သခင်
ဝါဖစ်လေး
ဦးဖစ်
ကင်ဆာမျိုးရိုးလိုက်သော ဦးဖစ်နှင့် ဒေါ်ရွှေဖစ်တို့၏ သမီးမငွေဖစ်နှင့် သားမောင်စိန်ဖစ်တို့သည် ရန်ကုန်မြို့ ဖစ်လမ်းမှာနေထိုင်ကြသည်။ 
ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://burmese-spelling.blogspot.com/.../blog-post_782.html
ကင်ဆာနဲ့ မာ အမျိုးတော်သလား https://burmese-spelling.blogspot.com/2022/10/blog-post_564.html
ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://burmese-spelling.blogspot.com/2022/08/blog-post_782.html
ကင်ဆာနဲ့ မာ ဖစ် တေ ပီး နက် ဂ ဘ အမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2022/12/blog-post_287.html
Cancer Words ပီး ဖစ် တေ မာ နှင့် ကင်ဆာ https://burmese-spelling.blogspot.com/2022/10/cancer-words.html
ဖြစ်ကို ဖစ်လို့ရေးသူများ ကင်ဆာစစ်ဆေးသင့်ကြသည်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ