Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် အိမ်တွင်းသန့်ရှင်းရေး

COVID-19 ဗိုင်းရပ်စ်ဟာ အရင်ကတွေ့နေကျပိုး မဟုတ်ပါ။ လူကနေ လူကို ကူးစက်တယ်။ ချောင်းဆိုး နှာချေရာမှာ ပိုးပါတဲ့ အမှုန်လေးတွေထွက်တယ်။ အဲတာကိုရှူမိရင် ကူးစက်နိုင်တယ်။ အမှုန်ကျနေတဲ့မျက်နှာပြင်တွေကို ထိကိုင်မိရာကနေ လက်မဆေးပဲ ကိုယ့်မျက်နှာကို ထိကိုင်မိရက် ကူးစက်နိုင်တယ်။ အဲတာကြောင့် လက်ကိုလိုအပ်တိုင်းမှာ ဆေးပါ။ နေအိမ် အလုပ်လုပ်တဲ့ နေရာတွေမှာ ပိုးမရှိအောင် သန့်ရှင်းပါ။ အိမ်ပြင်ထွက်ရရင် လူတယောက်ယောက်နဲ့ ၆ ပေ အကွာမှာသာနေပါ။

၁။ Wash your hands လက်ဆေးပါ။

ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာဆေးပါ။ အယ်လ်ကိုဟော အနည်းဆုံး ၆၀% ပါ လက်ဆေးရည်လည်း သုံးနိုင်တယ်။

၂။ Avoid touching your eyes, nose, and mouth မျက်စိ နှာခေါင်း ပါးစပ်ကို လက်မဆေးပဲ မထိကိုင်ပါနဲ့။

၃။ Clean and disinfect surfaces often အိမ်ရှိမျက်နှာပြင်တွေကို မကြာမကြာ ပိုးသန့်ပါ။

ပိုးမသန့်မီ ညစ်ပေနေတာတွေကို ခါတိုင်းလို အရင်သန့်ပါ။

• Disinfectants (Lyzol) ပိုးသန့်ဆေးတွေက ၁၀ မိနစ်လောက်ကြာမှ ပိုးတွေကို သေစေတယ်။ ဆေးရည်စိုနေတာ ကောင်းတယ်။

• Washing machines အဝတ်လျှော်စက်မှာ အပူပေးချိန် ၄၅ မိနစ်နဲ့ ပိုးတွေသေစေတယ်။

• Dishwashers ပန်းကန်ဆေးစက်မှာ အပူချိန် ၁၅၀ ဒီဂရီနဲ့ ပိုးတွေသေစေမယ်။

• Household air purifiers အိမ်သုံးလေသန့်စက်ကလည်း ပိုးတွေကင်းစေနိုင်တယ်။

• Steam cleaner ကလည်းပိုးကင်းစေနိုင်တယ်။

• ဖုန်း တက်ဘလက် ကွန်ပြူတာ တီဗွီတွေကို တင်ပြထားပြီးနည်းတွေနဲ့ ပိုးသန့်စေပါ။

• ဗနီဂါရည်က ရာသီတုပ်ကွေးဗိုင်းရပ်စ်ကို ရှင်းနိုင်တယ်။ ဒီပိုးကို မနိုင်ပါ။

• Bleach ချွတ်ဆေးရည်ကို သုံးနိုင်လောက်တယ်လို့ ယူဆရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ