July ဇူလိုင်လ

၂၀၂၂ ဇူလိုင်လဟာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၄ ရက်နေ့မှ ဝါခေါင်လဆန်း ၄ ရက်နေ့အထိ ကျရောက်တယ်။ ဇူလိုင်လမှာ မုတ်သုန်ဥတုရှိရာဒေသတွေမှာ မုတ်သုန်မိုး ဖြိုင်ဖြိုင်ရွာတယ်။
ဇူလိုင်ဆိုတဲ့အမည်ကို ဂျူလီယက်ဆီဇာကို သူ့မွေးလဖြစ်လို့ ရောမဆီးနိတ်ကနေ ဂုဏ်ပြုမှည့်ခေါ်ခဲ့တယ်။ အရင်ကတော့ Quintilis ကွင်တီလစ်လို့ခေါ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အပူအိုက်ဆုံးလနဲ့၊ တောင်ခြမ်းမှာ အအေးဆုံးလ ဖြစ်တယ်။

ဇူလိုင်လ နိုင်ငံတကာအထိမ်းအမှတ်နေ့များ
ဇူလိုင် ၁ ရက် = ဆရာဝန်များနေ့ (အိန္ဒိယ)၊ လွတ်လပ်ရေးနေ့ (ဆိုမာလီ)၊ ကနေဒါနေ့၊
ဇူလိုင် ၃ ရက် = လွတ်လပ်ရေးနေ့ (ဘဲလားရုစ်)၊
ဇူလိုင် ၄ ရက် = ၁၇၇၆ လွတ်လပ်ရေးနေ့ (ယူအက်စ်)
ဇူလိုင် ၅ ရက် = နိုင်ငံတကာသမဝါယမနေ့၊ ရေတပ်မတော်နေ့ (ယူကရိန်း)၊ လူငယ်များနေ့ (စင်္ကာပူ)။ လွတ်လပ်ရေးနေ့ (အယ်လ်ဂျီးရီးယား)၊ (ကိပ်ဗာဒီ)၊ (ဗင်နီဇွဲလား)၊
ဇူလိုင် ၆ ရက် = အမေနေ့ (တောင်ပိုင်းဆူဒန်)
ဇူလိုင် ၉ ရက် = အမျိုးသားသစ်ပင်နေ့ (မက်ဆီကို)
ဇူလိုင် ၉ ရက် = လွတ်လပ်ရေးနေ့ (၁၈၁၆ အာဂျင်တီးနား၊ တောင်ဆူဒန်)၊
ဇူလိုင် ၁ဝ ရက် = လွတ်လပ်ရေးနေ့ (ဘဟားမား)
ဇူလိုင် ၁၁ ရက် = ကမ္ဘာ့လူဦးရေနေ့
ဇူလိုင် ၁၂ ရက် = အဖေနေ့ (ယူရူဂွိုင်း)
ဇူလိုင် ၁၉ ရက် = ကလေးများနေ့ (ကျူးဘား၊ ပနားမား၊ ဗင်နီဇွဲလား)
ဇူလိုင် ၂ဝ ရက် = လွတ်လပ်ရေးနေ့ (၁၈၁ဝ ကိုလမ်ဘီယာ)
ဇူလိုင် ၂၁ ရက် = အမျိုးသားနေ့ (ဘယ်လ်ဂျီယန်)
ဇူလိုင် ၂၃ ရက် = တော်လှန်ရေးနေ့ (အီဂျစ်)
ဇူလိုင် ၂၅ ရက် = ဖွဲ့စည်းပုံနေ့ (ပွါတိုရီကို)
ဇူလိုင် ၂၆ ရက် = မိဘများနေ့ (ယူအက်စ်)၊ သစ်ပင်နေ့ (သြစတေးလျ)၊ ရေတပ်မတော်နေ့ (ရုရှား)၊ ဖခင်နေ့ (ဒိုမီနီကန်)၊
ဇူလိုင် ၂၆ ရက် = လွတ်လပ်ရေးနေ့ (မောလ်ဒိဖ်)
ဇူလိုင် ၂၈ ရက် = လွတ်လပ်ရေးနေ့ (ပီရူး)
ဇူလိုင် ၃ဝ ရက် = လွတ်လပ်ရေးနေ့ (ဗန်နော်တူး)
ဇူလိုင်လ ထူခြားသည့်နေ့များ
၁၆၈၇ ဇူလိုင် ၅ ရက် = အိုက်ဆက်နယူတန်က ကမ္ဘာမြေကြီးဆွဲအားကိုစတင်တွေ့ရှိ။
၁၇၈၅ ဇူလိုင်လ ၆ ရက် = အမေရိကန်ဒေါ်လာ စတင်သုံးစွဲ။
၉၅၁ ဇူလိုင်လ ၈ ရက် = ပဲရစ်မြို့စတင်။
၁၉၆၉ ဇူလိုင်လ ၁၆ ရက် = ပဌမဆုံး လူစီးနင်းလိုက်ပါသည့် အပိုလိုအာကာသယာဉ် လကိုရောက်ရှိ။

ဇူလိုင်လ ပန်း
- နိုင်ငံတကာ = လီလီပန်း၊
- မြန်မာဝါဆိုလ = ပုန်းညက်ပန်း၊ ဝါခေါင်လ = ခတ္တာပန်း၊

ဇူလိုင်လ ကျန်းမာရေးပညာပေးများ
- Cord Blood Awareness Month ချက်ကြိုးသွေးအသိပညာပေးလ၊
- International Group B Strep Throat Awareness Month စထွက်ပ် (ဘီ) လည်ချောင်းနာရောဂါအသိပညာပေးလ၊
- Juvenile Arthritis Awareness Month ကလေးသူငယ်အဆစ်နာအသိပညာပေးလ၊
- World Hepatitis Day ကမ္ဘာ့အသည်းရောင်ရောဂါနေ့ = ဇူလိုင် (၂၈) ရက်။

နက္ခ္ခတ်ဗေဒအလိုအရ ဇူလိုင်လ
ဆယ်နှစ်ရာသီခွင်ဟာ ဇူလိုင်မှာ (ကင်ဆာ) နဲ့ (လီယို)၊ ကရကဋ် နဲ့ သိဟ်ရာသီဖြစ်တယ်။ (လီယို) ဆိုတာ ခြင်္သေ့၊ ကင်ဆာကဆိုးတယ်။ ကင်ဆာဆေးသစ်တွေပေါ်နေပါတယ်။ ကင်ဆာကျဆုံးပါစေ။

ဇူလိုင်လ သိမှတ်ဖွယ်ရာနေ့များ
1 Canada Day / Dominion Day ကနေဒါနေ့၊ ဒိုမီနီယံနေ့၊
1 International Joke Day နိုင်ငံတကာ ဟာသနေ့၊
2 World UFO Day ကမ္ဘာ့ပန်းကန်ပြားပျံနေ့၊
4 National Country Music Day ကျေးလက်တေးဂီတနေ့၊
5 National Bikini Day ဘီကီနီနေ့၊
6 International Kissing Day နိုင်ငံတကာအနမ်းနေ့၊
11 World Population Day ကမ္ဘာ့လူဦးရေနေ့၊
14 National Nude Day ကိုယ်လုံးတီးနေ့၊
20 Moon Day သော်တာလမင်းနေ့၊
24 Cousins Day ဝမ်းကွဲများနေ့၊
26 Aunt and Uncle Day ဦးလေးနှင့် အဒေါ်များနေ့၊
30 Father-in-Law Day ယောက္ခမနေ့၊
30 International Day of Friendship မိတ်ဆွေဖြစ်နေ့၊

မြန်မာနိုင်ငံနှင့် ဇူလိုင်လ
ဇူလိုင်လရဲ့ကျောက်မျက်ရတနာဟာ ပတ္တမြားဖြစ်တယ်။ မြန်မာနိုင်ငံအတွက်တော့ သွေးဖြစ်တယ်။ ဇူလိုင်လရောက်ရင် မုတ်သုန်မိုးနဲ့အတူ သွေးမြေကျတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ ၁၉၄၇ ဇူလိုင် (၁၉) ရက်မှာ သွေးမြေကျခဲ့တယ်။ ၁၉၆၂ ဇူလိုင် (၇) ရက်မှာ အာဏာသိမ်း စစ်အစိုးရကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ သွေးမြေကျခဲ့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ