Pfizer Comirnaty ကိုဗစ်ကာကွယ်ဆေး

ခင်မင်ရင်းနှီးသူတယောက်က ဒေါ်မြမြအေးကတဆင့် မေးပါတယ်။

အန်တီရှင့် ယခု စင်္ကာပူမှာ အခု Pfizer ကိုရွေးရင် Pfizer /Comirnaty vaccination အဆင်ပြေလား ဦးကိုမေးပေးပါဦး။ Moderna ကတော့ only Moderna.တဲ့။ Pfizer ရွေးရင် Comirnaty လဲရနိုင်တာမို့ အဆင်ပြေလား မေးပေးပါရှင့်။

Pfizer Comirnaty

Singapore will be receiving a batch of Covid-19 vaccines called Comirnaty, which the Ministry of Health (MOH) says are the same as the Pfizer-BioNTech vaccines that are now used in the national vaccination programme. 

YouTube စင်္ကာပူသတင်းမှာ Pfizer-BioNTech နဲ့ Pfizer Comirnaty အတူတူလို့ပြောတယ်။

https://www.youtube.com/watch?v=NGjQKqatDLE

အမေရိကန် Pfizer ကုမ္ပဏီ၊ အမေရိကန် Moderna ကုမ္ပဏီနဲ့ ဂျာမန် BioNTech တို့က ကာကွယ်ဆေးထုတ်လုပ်မှုမှာ ထိပ်ဆုံးက ကုမ္ပဏီတွေ ဖြစ်တယ်။ Pfizer က နယူးယောက်မှာ ဌာနချုပ်ထားတယ်။ ၁၈၄၉ ခုနှစ်ကတည်းက ဂျာမန်-အမေရိကန်လူမျိုး Charles Pfizer ချားလ်စ်ဖိုင်ဇာက တည်ထောင်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ပဌမ အင်္ဂလိပ်-မြန်မာ စစ်နဲ့ ဒုတိယအ င်္ဂလိပ်-မြန်မာစစ် ကြားကာလမှာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း