Plantar Warts Treatment ခြေဖဝါး အသားမာ

(ခြေထောက်ပုံအတွက် ကန်တော့)

၁။ မဂ်လာပါ ဆရာ ကျမ အသက် ၃၀ ပါ လက်သည်းပန်းကုံးနား က အသားမာရှိပါတယ်။ လကိသည်းညှပ်နဲ့ အသားနုပေါ်တဲ့ထိ ညှပ်ပေမဲ့လဲ အသားပြန်တက်တဲ့ခါ အသားမာ ဖြူဖြူဘဲ ပြန်တက်ပါတယ် ။ ကြွက်နို့လို့ ပြောကြလို့ ကြွက်နို့ သတ်ဆေးကပ်ပီး (ကပ်ပြီး) အသားမာ ကွာခဲ့ပေမဲ့လို့ အသားပြန်တက်တဲ့ခါ အသားမာဘဲ ပြန်တက်ခဲ့ပါတယ်။ လက်က လုံးဝ မလှဘဲ ဖြစ်တာလဲ ၄ နှစ်နီးပါးရှိပါပီ (ရှိပါပြီ)။ ဆရာခို / Vaseline ထည့်လဲ မသက်သာပါ ။အနာနဲ့ဆေး မတည့်လို့လား ။ ဘာဓါတ်ချိူ့ ယွင်းပါသလဲဆရာ။ ပီးခဲ့တဲ့ (ပြီးခဲ့တဲ့) ၃ လကမှ လက်သည်း ပန်းကုံးနားမှာလဲ အဲ့လိုမျိူး ဖြစ်နေပြန်ပါတယ်။ ဖြစ်တဲ့ လက္ခဏာ ရှင်းပြရခက်လို့ ပုံပို့လိုက်ရပါတယ် ဆရာ ။ ပုံအတွက်ရိုင်းသွားရင် ခွင့်လွှတ်ပေးပါဆရာ 

၂။ ဆရာ ငါးမျက်စိမျက်နှာမှာပေါက်တာ ဘယ်လိုလုပ်သင့်ပါလည်းဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ကျား အသက် ၁၉ ငါးမျက်စိပေါက်တာ ၂လလောက်တော့ရှိပြီဆရာ အခုတော်တော်ဆိုးလာလို့ပါဆရာ မျက်နှာမှာ ပေါက်တာပါဆရာ

ငါးမျက်စိလို့ အခေါ်က တနေရာ တမျိုး။ အများအားဖြင့် လက်ဖဝါး ခြေဖဝါးမှ အသားမာလိုဖြစ်တာကိုခေါ်ကြတယ်။

ကျွန်တော် ဘာဆက်လုပ်ရမလည်းဆရာ ဘယ်လိုနေရာမျိုးမှာပြသင့်လည်းဆရာ ကျွန်တော်ကိုလမ်းညွှန်ပေးပါဆရာ

ဖြေထားပြီး။ ဘာရောဂါမှန်း မသိပါ။ ဆရာဝန်တဦးပြသင့်။

၃။ ဆရာခင်ဗျား ကျွန်တော်က စစ်ကိုင်းတိုင်း၊ - မှ ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ပါ။ ကျွန်တော်ရဲ့ လက်မှာ လွန်ခဲ့တဲ့ တစ်နှစ်က ငါးမျက်စိ တစ်လုံးထွက်လာပါတယ်။ အဲ့ဒီ ငါးမျက်စိကိုတော့ မြန်မာဆေးဖြစ်တဲ့ စိန်ငါးလုံးဆေးနဲ့ ငါးမျက်စိကို အပ်နဲ့ဆွပြီး သွေးစို့ လာတဲ့အခါ တို့ပြီး လိမ်းပေးပါတယ်။ ဆေးက အက်စစ် ပျော့ ပါတော့ အထဲထိ လှိုက် ့့့

၄။ မင်္ဂလာပါဆရာရှင့် ကျွန်မက အသက် ၃၀ပါ။ Plantar Wart ပေါက်နေတာပါရှင့်။ ကျေးဇူးပြု၍ မည့်သည့်ဆေးဝါးသောက်သုံး ရမည်ကို လမ်းညွှန်ပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၅။ အသက်က ၂၂ (ကျား)။ ဖြစ်နေတာ ၆လ လောက်ပါ။ ဖြစ်ဖြစ် ခြင်း တနေရာထဲပါ။ အခုမှ ၂ ခု ထပ်တိုးလာတာပါ။ ပထမ ဆရာဝန်က ခွဲရမယ်ပြောပါတယ်။ ဒုတိယဆေးခန်းက ရိုးရိုးအသားမာ မခွဲရဘူးပြောပါတယ်။

၆။ ကျွန်တော့်ရဲ့ ခြေဖဝါး ခြေမပေါ်မှာ အသားမာ လိုမျိုးဖြစ်နေပါတယ်။ အသေးလေးတွေ ပွါးလာပါတယ်။ စာတွေ လျှောက်ဖတ်ကြည့်တော့ plantar warts လို့ တွေ့ရပါတယ်။ ပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ။

၇။ ကျွန်မချစ်သူခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာရယ်။ ဘယ်လိုသတိပြု နေထိုင်သင့်တယ် ဆိုတာပြောပြပေးပါရှင့်။

Corn ငါးမျက်စိက လူတော်တော်များများ ဖြစ်ကြတယ်။ Corns and Callus လို့ အလွယ်ခေါ်တယ်။ ဆေးစာလို Hyperkeratosis, Clavus, Heloma and Tyloma လို့ခေါ်တယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်းမတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာအရေပြာကထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်ကသူ့ဖါသာကာကွယ်တာလုပ်ရင်းကနေအဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲအသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာက သူ့ကို ပြင်ပစ္စည်း (ဆူး၊ ညှောင့်၊ ဖန်ကွဲ) လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters ပလာစတာတွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာ လုပ်ပေးနိုင်တယ်။ ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေးလိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံးတံစဉ်း (ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေးဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကိုဖျော်ပြီးဆေးဖေါ်တာကိုအခုတော့ တားထားတယ်။

Plantar Warts ကို ဆေးစာမှာ ကြွက်နို့လိုပါပေမဲ့ ခြေဖဝါး အသားမာခေါ်တယ်။
• Doughnut-shaped piece of moleskin around the wart ပလာစတာ တမျိုးမျာ အဝိုင်းလေးနဲ့ အလယ်က အပေါက်လေးနဲ့ဟာ ကပ်ပါ။
• Duct tape ဆိုတာကို ၂၄ နာရီကပ်ထားပါ။ ၆ ပါတ်ကြာရင်ပျောက်တယ်။
• 17% Salicylic acid and 17% Lactic acid (Duofilm or DermaTech Wart Treatment) ကိုလမ်းပါ။ နေရာကို ရေနွေးနဲ့ ၅ မိနစ် စိမ်ပြီးမှ ဒါမှမဟုတ် ရေချိုးပြီးချိန်လိမ်းပါ။ အဖတ်ကွာလာတာတွေကို (ဘရပ်ချ်) နဲ့တိုက်ဖယ်ပစ်ပါ။
• Cantharidin and Dichloroacetic (or Trichloroacetic) acid တွေလဲသုံးတယ်။
• Upton's paste (6 parts Salicylic acid and 1 part Trichloroacetic acid in Glycerin) ကိုလဲ သုံးတယ်။
• 40%-60% Salicylic acid နဲ့ white soft Paraffin ပါရာဖင်အဆီ ရောလိမ်းတယ်။
• Efudex (5-fluorouracil) topical ointment လိမ်းဆေးသုံးတယ်။
• Laser treatment လေဆာနည်း၊
• Cryotherapy အေးခဲစေနည်း၊
• Curettage and Desiccation ခြစ်ခွဲစိတ်နည်း၊
• Immunotherapy ဆေးနည်းကို အရေပြားအထူးကုဆရာဝန်တွေက လုပ်ပေးတယ်။

နောက်ဆုံးခွဲစိတ်ရမှာပါပဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီးပျောက်သွားတတယ်။

Warts ကြွက်နို့ https://dr-tint-swe.blogspot.com/2020/12/warts.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ