Pulse Oximeter အောက်စီမီတာ

ကိုဗစ်အတွက် သုံးရတယ်။ ကူးစက်ခံထားရသူတွေနဲ့ သံသယရှိသူတွေအတွက် အသုံးကျတယ်။

Finger pulse oximeter လို့လည်း ခေါ်တယ်။ အောက်စီမီတာနဲ့ စမ်းရင် သွေးထဲက အောက်စီဂျင်လယ်ဘယ် ခေါ် အနည်းအများကို သိမယ်။ 

လက်ချောင်းမှာ အနေတော်တပ်ပြီး ခလုတ်နှိပ်ရတယ်။ ဂဏန်း (၂) မျိုးပေါ်မယ်။ တခုက အောက်စီဂျင်နဲ့ နောက်တခုက နှလုံးခုန်နှုန်း။

SpO2 100% ကနေ 96% က အကောင်းဆုံး။

95-100% ကောင်းတယ်လို့ သတ်မှတ်ချက်လည်းရှိတယ်။ 

90% အောက်ဆိုရင် ဆေးရုံပြပါ။

နှလုံးခုန်နှုန်းက 70 beats/min (50 to 90 beats/min) ပုံမှန်ဖြစ်တယ်။

ခေတ်ပေါ် စမ်းသပ်ကရိယာတွေကို သတိတော့ထားရတယ်။ ကရိယာသက်တမ်း၊ ဘက်ထရီသက်တမ်း၊ ဘက်ထရီအတိအကျမထည့်တာတွေကြောင့် ဖတ်တာ မှားနိုင်တယ်။ ထပ်တိုင်းရတတ်တယ်။ ပုံမှန်ပြနေရင်တော့ ထပ်တိုင်းရန် မလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ