U Pho Hlaing ယောအတွင်းဝန် သတ်ပုံ

တင်ထားတာတခု တွေ့တယ်။ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် အာယုဒါယ အသက်အပိုင်းအ ခြားကို နားလည်သဖြင့် သူမကွယ်လွန်မီ (တစ်)လခန့် ကြို၍ ငယ်သူငယ်ချင်း ဦးတူဆိုသူကို သူ့အိမ်မှာ ခေါ်ထားသတဲ့။ 

သတ်ပုံကတော့ (ထောင်အတွင်းဝန်) ရေးတာလိုဘဲ။

၁၂-၇-၂၀၁၆ နေ့က ဖေ့စ်ဘွတ်မှာ တွေ့ပါတယ်။ ယောအတွင်းဝန်အမည်ကို (ဦးဖိုးလှိုင်) လို့ပေါင်းရေးတားပြီး၊ သူရေးတဲ့စာတခုကိုပါ ပူးတွဲတင်တာမှာ (တစ်) တွေနဲ့ ရေးထားပြန်ပါသေးတယ်။ အဲဒီပုံကိုတော့ မတင်ပါရစေနဲ့။ အမှားကို အမှန်ထင်မှာစိုးလို့။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၈)၊ စာမျက်နှာ (၃၆၃-၃၆၆) မှာ ယောအတွင်းဝန် ဦးဘိုးလှိုင်လို့သာရေးထားပါတယ်။ ဦးဘိုးလှိုင်အကြောင်းရေးသားတာမှာ -

- မြန်မာ့နိုင်ငံရေး သုခမိန်တဦး (တစ်ဦး မဟုတ်)၊

- မဟာသမ္မတ တဆယ့်တပါး (တစ်ဆယ့်တစ်ပါး မဟုတ်)၊

- ဂျာမန်အမျိုးသား သစ်တောဝန်တဦး (တစ်ဦး မဟုတ်)၊

- သူတပါး (သူတစ်ပါး မဟုတ်) စသဖြင့် ပါရှိတာကို သတိပြုကြစေလိုပါတယ်။

မြင်းထိန်းငတာဆိုသူဟာ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ကျမ်းကြီးတွေ ဘယ်လောက်ကောင်းကြောင်း အာပေါင်အာရင်းသန်သန်နဲ့ လိုက်ပြောလေ့ရှိပါသတဲ့။ အဲတာနဲ့ ဦးဘိုးလှိုင်က ငတာကိုခေါ်ပြီး -

- မောင်မင်းက ငါရေးတဲ့ကျမ်းတွေကို ကောင်းကြောင်းတွေ လျှောက်ပြောနေတယ်ဆို။ ဘယ်ကျမ်းတွေကိုပြောတာလဲ။

- ဝိမုတ္တိရသကျမ်း၊ ကာယာနုပဿာနာကျမ်း၊ ဥတုဘောဇနကျမ်းတွေ အားလုံးအကြောင်းတွေ ပြောပါတယ်ဘုရား။

- မောင်မင်း အဲဒီကျမ်းတွေ အားလုံး ဖတ်ဖူးသလားဟဲ့။

- ကျွန်တော်မျိုး အဲဒီကျမ်းတွေကို မြင်လည်းမမြင်ဘူး၊ ဖတ်လည်းမဖတ်ဘူးကြောင်းပါ။ သူများပြောသံကြားရ၍ လိုက်ပြောနေခြင်းသာ ဖြစ်ကြောင်းပါဘုရား။

- ကိုင်း ငတာ ရော့ရော့ ဒင်္ဂါး ၁၆ ပြားယူသွား။ အဲဒီငွေနဲ့ ပုဆိုးဝယ်ဝတ်။ နောက်ဆို ငါ့ကျမ်းတွေကောင်းကြောင်း လျှောက်မပြောလေနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း