Virus Shut Out

Fake Fake Fake ရောင်းတဲ့သူတွေကိုရော ဝယ်တဲ့သူတွေကိုပါ အားနာရတယ်

၁။ ဆရာ ဒါမျိုးလေးသုံးရင်ကောင်းပါသလား ကလေး လူကြီး ခရီးသွားသူများအတွက်

တင်ထားတာ တနှစ်ကျော်ပြီ။ ကြာထဲလည်း ထပ်မေးကြလို့ ထပ်တင်တယ်။ ရောင်းကောင်းပုံရတယ်။

၂။ ဆရာရှင့် Virus Shut Out နဲ့ ပတ်သတ်ပြီး ဆရာ့ blog မှာ post တင်ထားတာရှိပါလားရှင့်။ Information လေး ပြန် share ပေးချင်လို့ပါ။ တနေ့တခြား ဈေးကြီးတွေပေးပြီး အလုအယက်ဝယ်နေကြလို့ပါရှင့်။

၂ ခါတင်ထားပြီး။ ယုံတဲ့သူတွေ ဝယ်ပါစေ။ ထပ်ထပ်တင်ရတာ ရောင်းတဲ့သူတွေကိုရော ဝယ်တဲ့သူတွေကိုပါ အားနာရတယ်။ တချို့က ဘယ်သူကပြောပြော မရ။

၁၀-၃-၂၀၂၀ နေ့က တင်ထားခဲ့တယ်။ မနက်က ထပ်တင်တယ်။

၃။ ဆရာ ဒီလိုမျိုးလေးတွေ့လို့ ဟုတ် မဟုတ် သိချင်ပါတယ် အမှားပါရင်ခွင့်လွှတ်ပါ VIRUS SHUT OUT လည်ဆွဲ တဲ့ ၁၆၀၀၀ ပါ ကျမ ဝယ်တဲ့ OS link

အဲတာ လူလိမ်။ လိမ်နည်းတွေ ပေါတယ်။ လူလိမ်တွေများတယ်။ အလိမ်ခံချင်သူတွေ မနည်းပါ။

အခုကြော်ငြာမှာတော့ ၁၃၀၀၀ နဲ့ယူပါတဲ့။ ပုံကို မထည့်တော့ပါ။ ရောင်းနေကြသူတွေကိုရော ဝယ်ယူအားပေးသူတွေကိုပါ အားနာရတယ်။ တချို့က ဘယ်သူကပြောပြော မရ။ ရောင်းကောင်းတယ်။

ဒေါက်တာတင့်ဆွေ

၁၀-၃-၂၀၂၀ 

၃၁-၃-၂၀၂၀

၃၀-၆-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း