Aloe Vera ရှားစောင်းလက်ပပ်

တဆောင်းခါး ခေါ် ဆားတောင်းခါးလို့ ရေးထာတာတွေ့တယ်။ တစောင်းပင်၊ တဇောင်းပင်၊ တစောင်းခါး၊ တစောင်းချဉ်လို့ ရေးတယ်။

ရှားစောင်း၊ ရှားစောင်းလက်ပပ်၊ ရှားလက်ဝါးပင်လို့လည်း ရှိတယ်။

Hi ဆရာ ရှားစောင်း အဝါရည် နဲ့ ငါးဆီ ဆိုပြီး လိုင်းပေါ် မှာ ကြော်ငြာ တဲ့ ပစ္စည်းတွေက တကယ်ပဲ အူလမ်းကြောင်းအတွက် ကောင်းသလားရှင်
၁။ ကြော်ငြာဆိုတာ ကြော်ငြာသာဖြစ်တယ်။ ကြော်ငြာမှာ ဆရာဝန်၊ ဒေါကတာ၊ ယူအက်စ်အေ၊ နယူးယော့လို့ပါနေနေ ကြော်ငြာ။ ကြော်ငြာဆိုတာ ပိုက်ဆံရှာတာ။ အမေရိကမှာလည်း အတူတူဘဲ။ တိုင်းပြည်အဆင့်မတူရင် ကြော်ငြာအဆင့် ငွေရှာနည်းအဆင့်တွေ မတူပါ။
၂။ ငါးဆီ ဆိုတာ ငါးကြီးဆီလား။ ငါးတွေ လတ်လတ်ဆတ်ဆတ်ဝယ်လို့ရတယ်။ ဈေးချိုတာလည်း စားကောင်းပါတယ်။
၃။ ရှားစောင်းလက်ပပ်ကို အိမ်မှာအိုးလေးနဲ့စိုက်ထားရင် တောထဲသွားရှာနေစရာမလိုပါ။
၄။ ဆရာဝန်၊ ကျောင်းဆရာဆရာမတွေအတွက် Hi မလိုအပ်ပါ။ ဘုန်းတော်ကြီးတွေကိုလည်း အဲလို Hi ရေးရန် မသင့်ပါ။
Aloe Vera ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် သုံးနိုင်တဲ့ရောဂါများ
၁။ Heals burns မီးပူလောင် နေလောင် ရေနွေးပူလောင်
၂။ Blood sugar ဆီးချိုကျ
၃။ Laxative ဝမ်းနုတ်ဆေး
၄။ Skin care အရေပြားကျန်းမာရေး
၅။ Breast cancer ရင်သားကင်ဆာ
၆။ Mouthwash ပါးစပ်ဆေးခြင်း
၇။ Digestive health အစာကျေဆေး
၈။ Acne ဝက်ခြံ
၉။ Anal fissures စအိုကွဲနာ
သတိထားစရာများ
• အလားဂျစ်ဖြစ်သူ မသုံးရ။
• ခွဲစိတ်ရန်မလုပ်မီ ၂ ပတ်အတွင်း မသောက်ရ။
• ကိုယ်ဝန်ရှိသူ ကလေးနို့တိုက်နေသူ ကလေး ၁၂ နှစ်အောက်
• ဝမ်းနုတ်ဆေးအဖြစ်သုံးတာ အဆများရင် ဝမ်းလျှောမယ်။
ဒီရောဂါရှိနေသူတွေ မသုံးသင့်
• Hemorrhoids လိပ်ခေါင်း
• kidney conditions ကျောက်ကပ်ရောဂါ
• cardiac condition နှလုံးရောဂါ
• Crohn’s disease ခရုန်း ခေါ် နာတာရှည်ဝမ်းပျက်ရောဂါ
• ulcerative colitis အူမကြီးရောဂါ
• intestinal obstruction အူလမ်းပိတ်နေသူ
• diabetes ဆီးချို
Side effects ဘေးထွက်သက်ရောက်မှုများ
• kidney issues ကျောက်ကပ်ထိခိုက်ခြင်း
• blood in the urine ဆီးထဲသွေးပါခြင်း
• low potassium ပိုတက်ဆီယမ်နည်းခြင်း
• muscle weakness ကြွက်သားအားနည်းခြင်း
• diarrhea ဝမ်းလျှောခြင်း
• nausea or stomach pain ပျို့ ဗိုက်နာခြင်း
• electrolyte imbalances ဓါတ်ဆားမျှခြေပျက်ခြင်း
ဒီဆေးတွေသောက်နေသူများ ဆရာဝန်ကိုပြောပြီးမှသာ သုံးပါ။
• diuretics ဆီးသွားဆေး
• herbs and supplements တိုင်းရင်းဆေးတွေနဲ့ ဖြည့်စွက်စာများ
• corticosteroids စတီရွိုက်ဆေးများ
• digoxin နှလုံးဆေး
• warfarin (Coumadin, Jantoven) သွေးကျဲဆေးများ
• sevoflurane (Ultane) ဆေး
• stimulant laxatives ဝမ်းနုတ်ဆေး
• diabetes medications ဆီးချိုဆေး
• anticoagulants သွေးမခဲဆေး
Hand sanitizer ခေါ် လက်ဆေးရည်ထဲမှာ အရက်ပျံနဲ့အတူ 100% aloe Vera gel ပါတယ်။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ