ပြစ် ပစ်
၁။ မင်္ဂလာပါဆရာ အချိန်ရရင် (ပြစ်) နဲ့ (ပစ်) ကိုရှင်းပြပေးပါ။
၂။ ဆရာရှင့် ဖေဖေက သွေးပစ် (ပြစ်) တဲ့ရောဂါရှိပါတယ်
၃။ ဆရာခင်ဗျာ ပစ်နဲ့ပြစ် အသုံးလေး သိချင်ပါတယ်ဆရာ
ပစ်
၁။ အခြားတနေရာသို့ အရှိန်နှင့် ရောက်စေသည်။
၂။ စွန့်ခွာသည်။ စွန့်ပစ်သည်။
၃။ မထောက်ညှာသည့်သဘောကို ပြသောစကားလုံး။ (သတ်ပစ်၊ ဖျက်ပစ် စသည်ဖြင့် သုံးသည်။)
ပစ်
ပစ္စက္ခ
ပစ္စင်၊ ရင်တား
ပစ္စည်း(သဒ္ဒါ)
ပစ္စည်းပစ္စယ
ပစ္စည်းပစ်ယံ
ပစ္စည်းဥစ္စာ
ပစ္စန္တရစ်
ပစ္စယာ(စေတီ)
ပစ္စုဒ္ဓေရ
ပစ္စုပ္ပန်
ပစ္စေကဗုဒ္ဓါ
ပစ်ခတ်
ပစ်စလက်ခတ်
ပစ်စွန့်
ပစ်တိုင်းထောင်
ပစ်ပစ်ခါခါ
ပစ်ပယ်
မိုးကြိုးပစ်သည်
ချောပစ် ကုန်းတိုက်သည်
ပစ္စင် ပြအိုး မျိုးရိုး ကျုံးပတ်လည် မှတ်သားစရာ တံခါးဆယ်နှစ်ရပ် လေးဆယ့်ရှစ်ပြာသာဒ်ရံသည် ရွှေဘုံရွှေနန်း ရွှေကြငှန်းစုံညီ -
ပြစ်
ပြစ် = ချွဲကျိ
ပြစ်ချက် = ကျူးလွန်မိသည့်အမှု။
ပြစ်ဆာ = အပြစ်အနာအဆာ။
ပြစ်ဒဏ် = ပြစ်မှုအတွက် ခံရသည့်ဒဏ်။
ပြစ်ပြစ် = ကုန်စင်ပြုန်းတီး
ပြစ်မှား = မိဘဆရာကျေးဇူးရှင် စသူကို မကောင်းကြံစည် ပြောဆိုပြုမူသည်။
ပြစ်မှားကျူးလွန်
ပြစ်မှု =ဥပဒေကို ဆန့်ကျင်ကျူးလွန်မှု၊ ကျူးလွန်သောအပြစ်။
ချင်ပြစ်ရွာ
ပြေပြစ်
ပြေပြေပြစ်ပြစ်
မုန်းလျှင်အပြစ်
အပြစ် = ချွတ်ယွင်းချက်။ အမှား။ စည်းကမ်းဥပဒေဖောက်ဖျက်ကျူးလွန်ခြင်း။ ၂။ ပြစ်ဒဏ်။ ၃၊ ကျောက်မျက်၌ရှိသော အနာအဆာ။
အပြစ်ကြီး
အပြစ်ငယ်
အပြစ်ဒဏ်
အပြစ်ဒေါသ
အပြစ်အနာအဆာ
ပြစ်မှု
အပြစ်ကျ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment