သိပ္ပံမောင်ဝသည် သိပ္ပံဦးဝမဟုတ်

ကိုဗစ်ကပ်ရောဂါအတွင်း ကွယ်လွန်သူတွေထဲမှာ အနုပညာရှင်တွေ မနည်းလှပါ။ သတင်းတင်သူ တချို့က စည်းကမ်းကို နားမလည်ကြ။

အနုပညာအမည် ကလောင်အမည်တွေမှာ မောင် ကို ဦး ဒေါ် ဒေါက်တာ အမေ ဘဘ မပါပဲ မထည့်ရ။ တင်မိုးမှာ ဦး မထည့်ရ။ လူချင်းတွေ့တဲအခါ လေးစားသမှုနဲ့ သင့်တော်တာ ခေါ်ရတယ်။

မောင်ထင်၊ မောင်သင်၊ မောင်စွမ်းရည် အသက် ဘယ်လောက်ရရ ဦးမထည့်ရ။ မာမာအေး၊ ချိုပြုံး၊ မေဆွိ၊ ဒေါ်မထည့်ရ။ မစန္ဒာ ဘယ်သောအခါမှ ဒေါ်ဖြစ်စရာမလို။

စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိူင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။

အနောက်နိုင်ငံတွေမှာ နာမည်ရင်းနဲ့ရေးရင် အပြည့်အစုံထည့်သူတွေကထည့်ပါတယ်။ ဥပမာ ချာချီက Winston S. Churchill လို့ရေးတယ်။ Mark Twain မာ့ခ်တွန်းရဲ့ အမည်ရင်းက Samuel Langhorne Clemens ဖြစ်တယ်။

ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ ဦးတင်မိုးလို့ မသုံးရပါ။ ဒေါ်မာမာအေးလို့ မပြောရပါ။ ကြည်အေးကို မြို့မကြည်ကြည်အေးနဲ့ မမှားသင့်ပါ။

ခုခေတ်မှာ လူအမည်ကိုသာမက စာတွေကိုလည်း သတ်ပုံပြင်ကြတယ်။ မူပိုင်ခွင့်ဆိုတာ မသိကြတာလား။ လေးစားရကောင်းမှန် မသိကြတာလား။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ရေးပေါ့။ သူများနာမည်ကို မဖျက်ကောင်းပါ။

စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။

ဂီတလုလင်မောင်ကိုကို သည်အတိုင်းသာရေးသားပြောဆိုရမယ်။ ဂျာနယ်ကျော် မမလေးသည် ဒေါ်မမလေး မဟုတ်။ တင်မိုး - ဦးတင်မိုး မဟုတ်ရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ