အမည် နာမည် နံမယ်

၁။ နံမည်တလုံးရဖိုဆိုတာခက်တယ် နံမည်ပျက်ဖိုဆိုသိပ်လွယ်တယ် တုံအောက်(တုံးအောက်) ပိလိုသေချင်မှ သေမယ် လူးအောက်ပိရင်တော့ ရှင်လျှက်(ရှင်လျက်) နဲ့သေတာအတူတူဘဲ (တလုံး ရေးတာ မှန်။ နံမည်ဆိုတာ အနံ့ဆိုးတာနံမယ်လို့ ပြောတာ။ နာမည်၊ အမည်၊ အမည်နာမလို့ ရေးကြတယ်။)
၂။ ဘာမှမဖြစ်သလိုပါပဲ၊ နံမည်(နာမည်)ကြားပြီးအပ်စိုက်ဆိုတော့လန့်တာ၊
၃။ ၅ နှစ်ဆေးနံမည်(နာမည်)လေး သိခြင်(သိချင်)လို့ပါရှင်
၄။ ဆရာရှင့် သားသားအသက်က ၄ နှစ်ပြည့်ပြီးပါပြီဆရာရှင့် သန်မချဖြစ်တာ ၁ နှစ်လောက်ရှိပါပြီဆရာ၊ အစက ထမင်းကောင်းကောင်းစားပါတယ်ရှင့်၊ အခုထမင်းကောင်းကောင်းမစားတာ ၃ ရက်ရှိပါပြီဆရာ အဲ့ဒါ ကလေးသန်ချဆေးလေးတိုက်ရမလားလို့ပါရှင်၊ တခြား ဗိုက်နာ ဗိုက်အောင့်တာမျိုးမရှိပဲ မစားချင်တာပါတဲ့ရှင့် ကျေးဇူးပြု၍ ဆေးနံမည် (ဆေးနာမည်) လေးပါပြောပေးလို့ရမလားရှင် ‌ဆေးခန်းသွားလာရ အဆင်မပြေလို့ပါရှင်
၅။ နံမယ်ဆိုတဲ့ စာလုံးပေါင်းလေး ရှင်းပြပါဆရာ။ စံရွှေမြင့်ပို့စ်အောက်မှာ မေးတာ။
၆။ မင်္ဂလာပါ ဆရာရှင့်။ နာမယ် နဲ့ နာမည် အတူတူလား သိပါရစေရှင့်။
၇။ ဆရာ နာမည် နဲ့ နာမ်မည် ဘယ်ဟာ အမှန်ပါလဲရှင်။ ဘယ်မှာ ရှာကြည့်ရမှန်း မသိလို့ ဆရာ့ကိုမေးလိုက်တာ။ အလုပ်ရှုပ်သလို ဖြစ်မိသွားရင် တောင်းပန်ပါတယ်ဆရာ။

ကနေ့ခေတ်မှာ အမည်၊ နာမည်လို့ရေးကြတယ်။ အဲတာနှစ်ခုလုံး ကျွန်တော့်လက်သုံး သတ်ပုံကျမ်းဟောင်း နှစ်ခုထဲမှာ မပါ။ နာမအနွတ်လို့သာပါတယ်။ တချို့က အမည်နမလို့ စာဆန်ဆန်ရေးတယ်။
ပါဠိအဘိဓါန်မှာ နာမ = အမည်၊ အမည်သညာလို့ရေးတယ်။ စကားမှာတော့ နံမယ်လို့ အသံထွက်ကြတယ်။  စွယ်စုံကျမ်းထုတ်ကတည်းက အမည်ကို သုံးနေပြီ။ ကျောင်းသုံးဗလာစာအုပ် အဖုံးတွေမှာ အမည်လို့ ပုံနှိပ်ထားတယ်။ ယုဒသန်မှာ အမည်၊ နာမ၊ နာမည်လို့ပါတယ်။ အမည်နဲ့ နာမည် မတူပါ။ လူအမည် ဦးဘသည် နာမည်ကောင်းလက်မှတ်ရထားသူဖြစ်၏။

နာ
နာကျင်
နာကြည်း
နာခံမှတ်သား
နာတာရှည်
နာနတ်ပင်
နာနတ်ပိုး
နာဖျားမကျန်း
နာမည်
နာမည်မှည့်
နာရဒဇာတ်
နာရီပြန်တချက်
နာလန်ထ

နံ
နံကထိုင်မုန့်
နံကျဉ်း နံကျယ် နံပြောက်(နိဿယ)
နံငယ်ပိုင်း
နံစောင်
နံစော်
နံတိုရိုး
နံတောင်း
နံနံပင်
နံနက်ချိန်ခါ
နံနှိပ်
နံပြားမုန့်
နံပါး
နံပါတ်
နံဘေး
နံရံအကာ
နံရိုး
နေ့နံသင့်သည်
အနံ့နံသည်

နာမ်
ကိတ်နာမ်
နာမ်စား
နာမ်မည်
နာမ်ရုပ်
မဟာနာမ်မင်း
သဒ္ဒါနာမ်
သဗ္ဗနာမ်
သုဒ္ဓနာမ်

နာ
စေဒနာ
ဌပနာ
ဒေသနာ
နာကျင်သည်
နာကြည်းသည်
နာခံသည်
နာဂ = ရဟန်းလောင်း
နာဂရီဘာသာ
နာဂလူမျိုး
နာနတ်သီး
နာနာဘာဝ
နာနာရုပ်
နာနာလောက
နာမရူပ
နာမဝိသေသန
နာမသညာ
နာယကဂုဏ်
နာယူသည်
နာရဒရသေ့
နာရနီရွှေ
နာရီဆုပ်မုံ့
နာရီပျူငှာ
နာရီမောင်း
ပြဿနာ
ယမုနာမြစ်
ဝါသနာ
ဝိပဿနာ
ဝေဒနာ
အနာဂတ်
အနာဂါမ်
အနုမောဒနာ

နာမည်ကောင်းလက်မှတ်ရထားသူ၏ အမည်မှာ မမွှေးဖြစ်သော်လည် သူမအနီးမှာ မကောင်းတဲ့အနံအသက် ရနေပါသည်။ (ကန်တော့)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ