Coronavirus Transmission ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

၃၀-၃-၂၀၂၀ - ဆရာရှင့် မေးခွင့်ပြုပါ Covid 19 positive ဖြစ်နေပြီး ရောဂါလက္ခဏာမပြသေးဘဲ ကျန်းမာနေဆဲ လူနဲ့ ထိတွေ့ ဆက်ဆံရတဲ့လူက ရောဂါကူးနိုင်ချေရှိပါသလားရှင့်။ လုပ်ငန်းခွင်မှာ တခန်းထဲအတူအလုပ်လုပ်တာ၊ ရေအိမ် အတူအသုံးပြုတာ၊ သုံးပေအကွာ စားပွဲမှာထိုင်ပါတယ်၊ ဓာတ်လှေကား အတူစီးပါတယ်။

၃၁-၇-၂၀၂၁ - ဆရာရှင့် Covid က အပြင်မထွက်ပဲ အိမ်မှာနေရင်း ကော ကူးစက်နိုင်ပါသလားရှင့် အသိမိတ်ဆွေထဲက covid ကူးစက်ခံထားရသူ နှစ်ယောက်က ဘယ်မှ မသွားပဲ အိမ်မှာနေရင်း ကူးစက်ခံရတယ်လို့ သိရပါတယ်ရှင့် သူတို့အိမ်မှာ တယောက်မှ အပြင်ထွက်သူ မရှိ ပဲ ဖြစ်တယ်လို့ ဆိုပါတယ် ဆရာရှင့် အဲ့လိုဖြစ်နိုင်ပါလားရှင့် ကျေးဇူးတင်ပါတယ် ဆရာရှင့်

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

၁။ Person-to-person spread လူကနေ လူကို ကူးစက်တယ်

ကူးစက်ခံထားရသူနဲ့ နီးကပ် ထိစပ်သူတွေဆီ ကူးစက်နိုင်တယ်။ ၆ ပေပတ်လည်မှာ ရှိနေသူတွေ။ Respiratory droplets ခေါ် အသက်ရှူလမ်းကြောင်းကနေ ထွက်တဲ့ ထုတ်တဲ့ အမှုန်လေးတွေကို ရှူမိသူတွေ ကူးစက်နိုင်တယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း။ အဲဒီ အမှုန်လေးတွေဟာ ပါးစပ်နဲ့ နှာခေါင်းနေရာဝန်းကျင်ပေါ် ကျရောက်လာနိုင်တယ်။ ရှူသွင်းမိမယ်။ အဆုတ်ထဲ ရောက်လာမယ်။ ကူးစက်ခံထားရသူဟာ ရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ သူများကို အများဆုံး ကူးစက်စေနိုင်တယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးမီမှာလည်း ကူးကောင်း ကူးနိုင်တယ်။

၂။ Contaminated surfaces or objects အမှုန်တွေကျရောက်နေတဲ့ မျက်နှာပြင်တွေကို ထိကိုင်မိရာကနေလည်း ကူးစက်နိုင်တယ်။ စားပွဲ၊ ခုံ၊ ကုလားတိုင်၊ ကြမ်းပြင်၊ လက်ကိုင်စရာနေရာတွေ။ အဲတာကို ထိကိုင်မိတဲ့လက်က ပါးစပ်နဲ့ နှာခေါင်းနေရာတွေကို ရောက်လာမယ်။ မျက်စိလည်း ပါတယ်။

၃။ Community spread ကွန်မြူနတီနည်း

လူစုလူဝေးကနေ ကူးစက်မှုများတာ တွေ့ရတယ်။

ရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ ကူးစက်မှု အများဆုံးဖြစ်တယ်။ ပိုးအဝင်ခံနေရပြီးရောဂါလက္ခဏာတွေ မခံစားရသေးမီ ကူးတာ နည်းတယ်။ လုံးဝမကူးနိုင်လို့ ပြောတာ မဟုတ်။

Social Distancing လူတွေနဲ့ ဝေးဝေးနေပါ

အိမ်ပြင်ထွက်ရရင် လမ်းညွှန်ချက်မှာ လူတယောက်နဲ့ တယောက် ၆ ပေအကွာ။ သာရေး နာရေး လူမှုရေးပွဲတွေ ရှောင်ပါ။ ဘုရားပွဲ နတ်ပွဲ ရာသီပွဲတွေ ရှောင်ပါ။ ရုပ်ရှင် ပွဲလမ်းသဘင်တွေ ရှောင်ပါ။ အားကစားပွဲတွေ ရှောင်ပါ။ ဟောပြောပွဲတွေ ရှောင်ပါ။ အလှူ၊ မင်္ဂလာဆောင် မွေးနေ့ ဘာနေ့ ညာနေ့။ စျေးသွားဝယ်တာ မဝယ်မဖြစ်မှသာ သွားလာပါ။ ကြိုတင် ဝယ်ယူစုဆောင်းထားပါ။ အလုပ်ရုံ၊ ရုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ