COVID-19 Guideline ခဏခဏ (ခဏခဏ) တင်ပြတယ်။

မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၃၀ ပါ အိမ်ထောင်ရှိပါတယ်ရှင့် COVID test Positive ထွက်ထားတာပါ ရောဂာလက္ခဏာပြတဲ့ရက်ကနေ ဒီနေ့ဆို ၇ ရက်ရှိပါပြီ ရောဂါအခံမရှိပါ SPO2 (98 / 99) နေ့စဥ်တိုင်းထားတဲ့နှုန်းပါ ပထမ ၂ ရက် အပူချိန် ၁၀၀ နှင့်စဖျားပါတယ် ခန္ဓာကိုယ်ကိုက်ခဲ ခေါင်းမထူနိုင်အောင်ကိုက်ပါတယ် တတိယရက် အပူချိန် ၉၉ ခေါင်းအနည်းငယ်သာကိုက် လည်ချောင်းယား နှာခေါင်းပိတ် စတုတ္ထရက် အပူချိန် ၉၉ ချောင်းဆိုး (သလိပ်နည်းနည်းပါ) နှာခေါင်းပိတ် ပျို့အန်ချင် ပဥ္စမရက် မှ သတ္တမရက်အထိ အပူချိန် ၉၇ အနံ့ပျောက် နှာခေါင်းပိတ် ချောင်းဆိုး (မပြင်းထန်) သောက်ဆေး ပါရာစီတမော  ၄ ကြိမ် ၃ ရက်၊ ၃ ကြိမ် ၂ ရက် cetrine 10 mg ၂ ကြိမ် ၃ ရက် (နှာခေါင်းပိတ်တာ သိပ်မသက်သာလို့ Alerady 120 mg တနေ့ ၃ ကြိမ်ပြောင်းသောက်နေပါတယ်ဆရာ ၂ ရက်ရှိပါပြီ) ချောင်းဆိုးပျောက်ဆေး woods အပြာရောင်တနေ့ ၃ ကြိမ်သောက်ပါတယ် ဗီတာမင် C 500 mg တနေ့ ၁ လုံး အားဆေး Revital တနေ့ ၁ လုံးသောက်နေပါတယ်ဆရာ Azithromycin ထည့်သောက်သင့်လားသိချင်လို့ပါရှင်


ခဏခဏ (ခဏခဏ) တင်ပြတယ်။ 

ကိုဗစ်ဖြစ်စလူတွေ ဖျားတာအတွက် ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုင်ဖင်။ ဝမ်းပျက်ရင် အီမိုဒီယမ် သို့မဟုတ် လိုပါရာမိုက်နဲ့ ဓါတ်ဆား လိုတယ်။

ပိုးသေဆေးလိုသူ ရှားတယ်။ ဗီတာမင်အရင်ကတည်းက အားနည်းနေလို့ သောက်နေရသူတွေ ဆက်သောက်နိုင်တယ်။

အောက်စီဂျင်ကျတာကိုသာ သတိထားရမယ်။

အစားအစာ ရှောင်ရန် မရှိ။ ထူးပြီး စားသောက်ရန် မရှိ။

နေ့စဉ် သွားတိုက်၊ မျက်နှာသစ်၊ ရေချိုး ခေါင်းလျှော်လုပ်ရမယ်။ လက်ဆေးရမယ်။ ခဏခဏဆေးရမယ်။ နေ့ခင်းမှာလည်း မျက်စိကိုထိကိုင်လိုရင် မျက်နှာသစ်ရမယ်။

ခံစားနေရတာတွေဟာ ပိုးကိုခုခံအားကနိုင်လာတာနဲ့ သက်သာသက်သာလာမယ်။ 

ခုခံအားဆိုတာ HIV မရှိသူ၊ အသည်းကျောက်ကပ် အစားထိုးထားလို့ ခုခခံအားနှိမ်ဆေးသောက်မနေရသူတွေ ထမင်းပုံမှန်စားနေရင် ခုခံအား ပုံမှန်ရှိကြတယ်။

အနေအထိုင်စည်းကမ်း ၁၀၀% လိုက်နာရမယ်။ ၁၀၁% မဟုတ်။ 

ဖေ့စ်ဘွတ်ဆေးနည်း ၀% သာလိုက်နာရန်လိုတယ်။ 

ကိုယ့်ကိုကုသပေးနေတဲ့ ဆရာဝန်ညွှန်တာ လိုက်နာရမယ်။

ဆေးတိုင်းမှာ အားဆေးဖြစ်ဖြစ် ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။

နေ့တိုင်းတင်ပြထားတဲ့ လင့်တွေထဲက သက်ဆိုတာကိုဖတ်ပြီး လိုတာကိုလိုက်နာပါ။

အောက်စီဂျင်၊ ဗိုင်းရပ်ဆေး၊ ဒက်ဆာမီသဇုန်းဆး၊ သွေးကျဲဆေးကို ကုသပေးနေတဲ့ဆရာဝန်က ညွှန်ပါမယ်။

COVID-19 First နေမကောင်းသူတိုင်း ကိုဗစ်ကိုပဌမဆုံး စဉ်းစားရမယ်

မင်္ဂလာပါ ဆရာ။ အသက် ၅၀။ မိန်းမ ပါ။ ညဘက်ဆိုအသက်ရှူရခက်ပြီး ဆီးလည်းခဏခဏသွားတယ် ဆရာ။ မောလည်းမောတယ်ပြောတယ်။ နှလုံးတော့ မအောင့်ဘူးဆရာ။ အခုချိန်ကဆေးခန်းပြလို့လည်းမလွယ်လို့ပါ။ ECG ရိုက်သင့်လားဆရာ။ ဓာတ်မှန်ရိုက်ကြည့်တာ နှလုံးနည်းနည်းယောင်(ရောင်) နေပါတယ် ဆရာ။ ပြန်ကောင်းနိုင်လား ခင်ဗျ။ ဆိုးဆိုးရွားရွားဖြစ်နိုင်လားဆရာ။

အခုရက်တွေမှာ နေမကောင်းသူတိုင်း ကိုဗစ်ကိုပဌမဆုံး စဉ်းစားရမယ်။

ကိုဗစ်ကာကွယ်နည်း၊ သန့်ရှင်းနည်းနဲ့ နေထိုင်ခြင်းစည်းကမ်းတွေ ၁၀၀% လိုက်နာရမယ်။

အသက်ရှူမဝတာ အရေးကြီးတယ်။

ဆီးချို ရှိ မရှိ စစ်ရမယ်။ သွေးတိုး တိုင်းရမယ်။ နှလုံးခုန်နှုန်း တိုင်းရမယ်။ အောက်စီဂျင်တိုင်းဘို့ လိုနိုင်တယ်။

မိန်းမအစား အမျိုးသမီးလို့ ရေးသင့်။

ဓါတ်မှန်အဖြေစာ (ပုံမလို) မသိ။ ဓါတ်မှန်ရိုက်ခိုင်းတဲ့ဆရာဝန်က လိုတာ ညွှန်ပါမယ်။

စစ်ဆေးတာတွေဟာ ကုသတာ ကာကွယ်တာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း