COVID-19 Vaccine FAQ ကိုဗစ်ကာကွယ်ဆေး

ကိုဗစ် ကူးစက်ခံရသူတွေ ရောဂါလက္ခဏာတွေရှိနေစဉ် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးပါ။
ကိုဗစ် ကူးစက်ခံရဘူးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်။
ဒါပေမဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနက ရက်တ်မှတ်ချက်အရ ထိုးရတယ်။ 
လူနာတယောက်နဲ့တယောက်၊ တိုင်းပြည်တခုနဲ့တခု မတူတတ်ပါ။
Isolation ခေါ် သီးခြားနေထိုင်ရခြင်းကာလကနေ လွတ်ရင် ကာကွယ်ဆေးထိုးနိုင်ပြီ။ 
တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။
အသက် (၁၈) နှစ်အောက်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး မထိုး နိုင်ငံတွေအလိုက် သတ်မှတ်ချက် မတူ။ ဥပမာ ယူအက်စ်အေမှာ အခု (၁၂) နှစ်အထက် ထိုးပေးတယ်။ အရင်ကသတ်မှတ်ချက်ကို ပြင်ထားတာ။

Covid-19 Vaccine and Lactating Mothers နို့ဆက်တိုက်လို့ရ https://dr-tint-swe.blogspot.com/.../covid-19-vaccine-and...
COVID-19 vaccine contraindication ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ https://dr-tint-swe.blogspot.com/.../covid-19-vaccine...
COVID-19 Vaccine Questions ကိုဗစ်ကာကွယ်ဆေး မေးခွန်း https://dr-tint-swe.blogspot.com/.../covid-19-vaccine...
COVID-19 Vaccines for People who Are Pregnant or Breastfeeding ကိုဗစ်ကာကွယ်ဆေးနှင့် ကိုယ်ဝန် https://dr-tint-swe.blogspot.com/.../covid-19-vaccines...
Covid-19 Vaccines ကိုဗစ်ကာကွယ်ဆေး https://dr-tint-swe.blogspot.com/.../covid-19-vaccines.html
Covid-19 Vaccines ကိုဗစ်ကာကွယ်ဆေးများ https://dr-tint-swe.blogspot.com/.../covid-19-vaccines.html
Pfizer Comirnaty ကိုဗစ်ကာကွယ်ဆေး https://dr-tint-swe.blogspot.com/.../pfizer-comirnaty.html
Sinovac vaccine တရုပ်ထုတ် ကိုဗစ်ကာကွယ်ဆေး https://dr-tint-swe.blogspot.com/.../04/sinovac-vaccine.html
Sputnik V COVID-19 vaccine ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး https://dr-tint-
Vaccine efficacy and effectiveness ကာကွယ်ဆေးထိရောက်မှု https://dr-tint-swe.blogspot.com/.../vaccine-efficacy-and...
Vaccine Safety ကိုဗစ်ကာကွယ်ဆေး၏ စိတ်ချရမှု https://dr-tint-swe.blogspot.com/.../vaccine-safety_25.html
Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာထိုးလို့ရသလား https://dr-tint-swe.blogspot.com/2021/06/vaccines.html
COVID-19 vaccine contraindication ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ 
၁။ အလာဂျီ ဆိုးဆိုးဝါးဝါးမဖြစ်ဖူးသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်။
၂။ သက်ဆိုင်ရာနေရာ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့အသက် မဟုတ်သူတွေ မထိုးရပါ။
၃။ ကာကွယ်ဆေး ပဌမအကြိမ်ထိုးစဉ်က ဆေးကုသမှုခံယူလောက်တဲ့အထိ ဘေးထွက်သက်ရောက်မှုရှိခဲ့သူများ ဒုတိယဆေး မထိုးရပါ။


COVID-19 Vaccine Questions တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပြီ

ကျမဖေဖေ နေမကောင်းဖြစ်ပီး (ပြီး) test စစ်တော့ N ထွက်ပါတယ် ဖေဖေက အသက်၇၂ ဆီးချိုရှိပါတယ် နေမကောင်းဖြစ်တယ်ဆိုတာ ကိုယ်ပူလိုက်ကျလိုက်ဖြစ်တာ၃ရက်လောက် အစားပျက် လူနုံးဖြစ်ပါတယ် ကျမလည်း အနည်းငယ်နေမကောင်းဖြစ် ချောင်းဆိုးတဲ့အတွက် test စစ်တော့ P ထွက်ပါတယ် ကျမတို့အိမ်မှာမိသားစု ၃ ယောက်ရှိတာ ကျမရယ် ကျမဖေဖေရယ် သားလေးရယ်ပါ သားလေးကိုတော့ test မစစ်ပါဘူး သူက ၁၉နှစ်ပါ သူကပဲအမေနဲ့အဖိုးကိုပြုစုပါတယ် အခုကျမက ၁၇ရက်မြောက် ဖေဖေက နေမကောင်းတာ ၂၀ရက်မြောက်ပါ ဖေဖေက စနေမကောင်းထဲက O2 က ၉၅အောက် ၉၂လောက်ထိ ၂ခါလောက်ကျဖူးပါတယ် ကျန်တဲ့အချိန်တွေမှာ ၉၅ ၉၆ဝန်းကျင်ပါ နှလုံးခုန်နှုန်း ၅၀လောက်ဖြစ်ဖူးပါတယ် အခု ကျမရောဖေဖေရောသက်သာပါတယ် ကျမမေးချင်တာ ဖေဖေ့ကို ကာကွယ်ဆေးထိုးပေးလို့ရလားရှင် test စစ်ထားတာ N လက္ခဏာတွေက p လက္ခဏာဆိုတော့ ကာကွယ်ဆေးထိုးပေးရမလား မထိုးရဘူးလားဝေခွဲမရပါရှင့် နောက်ပီး (ပြီး) ဖေဖေရောကျမရောသွေးစစ်ဖို့လိုလားရှင့်

ကိုဗစ် ကူးစက်ခံရသူတွေ ရောဂါလက္ခဏာတွေရှိနေစဉ် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးပါ။
ကိုဗစ် ကူးစက်ခံရဘူးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်။
ဒါပေမဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနက ရက်တ်မှတ်ချက်အရ ထိုးရတယ်။ 
လူနာတယောက်နဲ့တယောက်၊ တိုင်းပြည်တခုနဲ့တခု မတူတတ်ပါ။
Isolation ခေါ် သီးခြားနေထိုင်ရခြင်းကာလကနေ လွတ်ရင် ကာကွယ်ဆေးထိုးနိုင်ပြီ။ 
တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။

ကိုဗစ် စစ်လို့ (+) ပြသူတွေ 
• နောက် ၁၀ ရက်အထိသာကူးစက်နိုင်တယ်။
• နောက်တခုက သာမန်လက္ခဏာစတင်ခံစားရပြီးနောက် ၁၀ ရက်။
• နောက်တခုက ဆိုးတဲ့ရောဂါလက္ခဏာတွေ စတင်ခံစားရပြီးနောက် ၂၀ ရက်။
• နောက်တခုက လက္ခဏာပျောက်ပြီးနောက် ၁၀ ရက်။
• လေ့လာမှုတခုက ၉ ရက်။ 

သီးခြားခွဲနေခြင်း စည်းကမ်း
ကိုဗစ်-၁၉ ရောဂါလက္ခဏာ အသင့်အတင့်သာဖြစ်သူတွေ = ၁၀ ရက်
ကိုဗစ်-၁၉ ရောဂါလက္ခဏာ ဆိုးဝါးသူတွေ = ၂၀ ရက်

ကိုဗစ် ရောဂါလက္ခဏာမပေါ်ဘဲ ပိုးဝင်ထားသူကနေလည်း တခြားလူတွေကို ကူးစက်နိုင်တယ်။ သုတေသနတခုအရ အသင့်အတင့်သူဆိုးသူတွေကနေလည်း ဆိုးဆိုးဝါးဝါး ခံစားရသူတွေနဲ့မခြား သူများကို ကူးစက်နိုင်တယ်။ HIV ကိုယ်ခံအားကျနေတဲ့လူနာတွေအတွက် အများဆုံး (၂၀) ရက်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ