COVID ဒေါက်တာတွေ

ပထမ အောက်ကပုံကို ကြောက်နေတာ။ အခုဆို 14% ပဲရှိတယ်ဆိုတော့ နည်းနည်းစိတ်အေးရပါပြီဆရာ။ အမေ နေပြန်ကောင်းလာပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော်တို့မှာလည်း ဘာမှနားမလည်တော့ Dr. ဆိုတာနဲ့ လိုက်ကြောက်နေရတာပဲဆရာ။ အခု Covid-19 မှာ မဟုတ်တာတွေ တအားပြောတယ်ဆရာ။ 

ပုံထဲက ဒေါက်တာဆိုသူဟာ  ကြက်သွန်နဲ့ နန့င်းနဲ့ သံလွင်ဆီရောင်းနေသူလည်း ဖြစ်နိုင်တယ်။ ပွဲစားလားလည်း မသိ။

အိုမီဂါသရီးဆေးကို ကိုလက်စထောများသူတွေကို ရိုးရိုးသားသားရောင်းရင် ဝယ်ကြမှာပါ။ ကိုဗစ်နဲ့ပေးစားတာ မှားတယ်။

တလောက NY USA ဒေါက်တာဆိုတာလည်း လာသေး။ တကယ်ရှိတဲ့ အမျိုးသမီးဆရာဝန် ဟုတ် မဟုတ် မသိပါ။ ပန်းနာရှူဆေးရောင်းသူ ဖြစ်နိုင်တယ်။

ကြက်သွန်ဖြူမီးဖုတ် ဒေါက်တာကလည်း ရှိတယ်။ သူလည်း စျေးသည်ဖြစ်မယ်။

ဗီတာမင် အေ တူ ဇက် သူ့နေရာနဲ့သူ ကောင်းတယ်။ အစားအစာတွေလည်း သူ့နေရာနဲ့သူ ကောင်းတယ်။ အဲဒါတွေကို ကိုဗစ်အတွက်ကောင်းတယ်လို့ ရေးတာ မှားတယ်။ လိမ်ရာကျတယ်။ မလုပ်သင့် မလုပ်ကောင်းပါ။ 

လိမ်တဲ့သူတွေများပြီး အလိမ်ခံရတာကို သာယာနေသူတွေလည်း ပေါတယ်။ လူလိမ်ပွဲစား အများဆုံး။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ