Hi ဟေ့လူ

ကျွန်တော့်ဆီကို မေးခွန်းရေးရင် Hi လို့ရေးတဲ့သူ မနည်းပါ။ အင်္ဂလိပ်လို ဆက်ရေးတာလည်း မဟုတ်ပါ။

ဘာအဓိပ္ပါယ်လဲ။ ဟေ့၊ ဟေ့လူ၊ ဟေ့ကောင်လို့ ဆိုလိုတယ်။

ဆရာဝန်တယောက်ဆီစာရေးတာ အဲလိုသင့်ပါ့မလား။ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သူတွေက ဟေ့ကောင်၊ ဟိတ်ကောင်လို့ ပြောတာ မဆန်းပါ။ မေးတဲ့သူတွေ ၉၉% က ကျွန်တော်နဲ့ လူချင်းမတွေ့ဖူးကြပါ။ ကျွန်တော့်ထက် အသက်ကြီးသူလည်း တယောက်မှ မပါလောက်။ 

အဲတာ အနောက်နိုင်ငံတွေဆီက အတုခိုးသင့်တဲ့ ယဉ်ကျေးမှု မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

၁-၈-၂၀၁၈


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ