Medicines ဆေးဆိုတာ

ဟုတ်ဆရာ အဲနှစ်မျိုးက ဘယ်ဟာအဆင်ပြေမလဲရှင့် ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရလားရှင့်
မြန်မာပြည်မှာ ပိုက်ဆံပေးရင် အကုန်ဝယ်လို့ရတယ် မဟုတ်ပါလား။
ဟုတ်ဆရာ ခုက ဆရာဝန် ဆေးစာတွေ ပြခိုင်းလို့ပါ တစ်ချို့ ဆေးတွေ ဒီအတိုင်းမရောင်းပါ
ဆေးဆိုတာ ဘယ်လိုကဘယ်လို မကြာမကြာ ရေးသာတင်ပြပါတယ်။ ကနေ့တခါ ဘယ်ကထုတ်တဲ့ ဆေးဆိုတ့အကြောင်း ဖြေပါတယ်။ မြန်မာပြည်မှာ အထင်မြင်အယူအဆ နည်းနည်းလွဲနေကြတယ်။
ဆေးဆိုတာ ဆေးထုတ်တဲ့တိုင်းပြည်၊ ဆေးထုတ်တဲ့ဆေးကုမ္ပဏီ ကောင်း မကောင်း အရေးကြီးတယ်။
တိုင်းပြည်ဆိုတာ ယူအက်စ်အေနဲ့ ယူကေကထုတ်တဲ့ဆေး မှန်ပေမဲ့ ကိုယ့်အတွက် သင့် မသင့် သိရမယ်။
ဒီတိုင်းပြည်မှာ ဆေးတွေကို OTC နဲ့ Rx လို့ နှစ်မျိုးနှစ်စား ခွဲထားတယ်။ OTC ဆိုတာ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရတာ။ Rx ကတော့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ ဆေးအမျိုးအမည် တမျိုးတည်းမှာ ဥပမာ Calcium ကယ်လ်စီယမ်ဆေး -
• Spring Valley Calcium Dietary Supplement, 600 mg, 100 count $3.96
• Rx Vitamins Chewable Calcium/Magnesium Tablets, 90 Count $15.27 
• Calcium Carbonate 600mg + Vitamin D3 800IU 500 $19.49
စျေးနှုန်းကကွာတယ်။ နောက် ယူအက်စ်အေမှာ ကျန်းမာရေးအာမခံမရှိသေးရင် ဆေးကုရ ဆေးဝယ်ရ ခက်တယ်။ အခုဥပမာပေးတဲ့ ကယ်လ်စီယမ်ကို တချို့ကျန်းမာရေးအာမခံက မပေးလို့ ကိုယ့်အိတ်က စိုက်ဝယ်ရတယ်။ ဒီတိုင်းပြည်မှာ ဆေးတွေက စစ်တယ်လို့ အလွယ်ပြောရပါမယ်။ တိတိကျကျပြောရရင် တရားဝင်ရောင်းချတဲ့ ဆေးတိုင်းမှာ အာမခံချက်ရှိတယ်။ အခုတင်ပြချက်ကို မြန်မာပြည်အတွက် ဘယ်လို အသုံးဝင်မလဲ ဆေးကောင်း မကောင်း ခွဲခြားနည်း သိပါမယ်။ 
ဆေးကောင်းဆိုတာ ဘာလဲ
• လူပြောများတိုင်း ဆေးကောင်းတယ်ထင်တာ မမှန်ပါ။ 
• ကြော်ငြာကောင်းတိုင်း ဆေးဗူးခွဲလှတိုင်း ဆေးကောင်းချင်မှ ကောင်းတယ်။
• ဆေးဆိုတာ တကယ်လိုမှ စစ်မှန်တဲ့ဆေးကို အတိအကျ သုံးစွဲရမယ်။
• အနာနဲ့ဆေး တည့်ရင် သက်သာ ပျောက်ကင်းပါမယ်။
မင်္ဂလာပါ ဆရာ သမီး Product Manager လုပ်နေပါတယ် ဆရာရဲ့ Health Education တွေ ဖတ်ရတာ ကျေးဇူးတင်လို့ပါ ဆေးနာမည်တွေရော ရောဂါတွေရော အစုံပါလို့ ဗဟုသုတ အင်မတန်ရပါတယ် ဆရာဆေးကောင်းကြိုက်တာလေး သိရပါတယ် patient တွေအတွက်လဲ ကောင်းတဲ့ဆေးလေးတွေ ညွှန်ပေးချင်တဲ့ စေတနာကိုလေးစားပါတယ်ရှင့်
ကျေးဇူး။
• ရောဂါနဲ့ သင့်တဲ့ဆေး ကောင်းတယ်။
• ဆေးချင်းအတူတူ ဆေးထုတ်ကုမ္ပဏီကောင်းတာက ကောင်းတယ်။
• ကိုယ်အတွက် မလိုတဲ့ဆေး ဆေးထုတ်ကုမ္ပဏီကောင်းလည်း မလိုအပ်။
• ဆေးရဲ့ဘေးထွက်သက်ရောက်မှု ရှိတိုင်း ဆေးမသောက်ရ၊ မထိုးရ၊ မသွင်းရ မဟုတ်။
• ဆေးကို အချိန်မှန်၊ ဒို့စ်မှန်၊ ကို့စ်မှန် သောက်ရမယ်။ 
• အချိန်မှန်ဆိုတာ ဆေးသောက်ချိန် မနက်၊ နေ့၊ ည၊ အစာနဲ့၊ အစားနဲ့နီးရန်လိုတာ နီး၊ နီးရန်မလိုတာကို မနီး သောက်တာကို ပြောတာ။ တချို့ဆေးတွေက တရက်နဲ့တရက် အချိန်တူ သောက်ရ၊ ထိုးရ၊ လိမ်းရ၊ ထည့်ရတယ်။
• ဒို့စ်မှန်ဆိုတာ ဆေးအလေးချိန်နဲ့ တခါနဲ့တခါခြာတဲ့ အချိန်။
• ကို့စ်မှန်ဆိုတာ ၃ ရက်ဆို ၃ ရက်၊ ၁၀ ရက်ဆို ၁၀ ရက်။ ၆ လဆို ၆လ။
• ဆေးထုတ်တဲ့တိုင်းပြည်လည်း ကြည့်ရတယ်။ အကြမ်းအားဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တွေကထုတ်တာ ပိုကောင်းတယ်။
• တိုင်းပြည်တူမှာလည်း ဆေးထုတ်ကုမ္ပဏီကောင်းတာက ပိုကောင်းတယ်။
• တိုင်းပြည်တူမှာလည်း ဆေးထုတ်ကုမ္ပဏီတူလည်း OTC ခေါ် ဆရာဝန်လက်မှတ်မလိုပဲ ဝယ်လို့ရတဲ့ဆေးတွေထက် Rx ခေါ် ဆရာဝန်လက်မှန်နဲ့သာ ရောင်းတဲ့ဆေးက ပိုကောင်းတယ်။
• ကြော်ငြာကောင်းတိုင်း ဆေးကောင်းချင်မှ ကောင်းတယ်။
• ကြော်ငြာဆေးဆိုတာ ပိုက်ဆံအတွက် အဓိကထားရောင်းတဲ့ဆေးတွေ။
ဆရာခင်ဗျာ ပိုးသတ်ဆေး ထိုးပြီး ဆီးပိုးစစ် လို့ရပါသလား ပြောပြပေးပါ နားမလည်လို့
မြန်မာပြည်မှာ ဓါတ်ခွဲခန်းတွေက ပိုက်ဆံပေးရင် ဘာမဆို စစ်လို့ရတာ စစ်ပေးမယ်။
မြန်မာပြည်မှာ ပိုက်ဆံပေးရင် ဘာမဆိုရတယ်။ ယူအက်စ်အေမှာက ဆေးဆိုရင် ၂ မျိုးခွဲထားတယ်။ Rx ဆိုတာတွေက ဆရာဝန်လက်မှတ်နဲ့သာ ရောင်းခွင့်ရှိတယ်။ OTC ဆိုတာ ပိုက်ဆံပေးရင် ဝယ်လို့ရတယ်။ ဓါတ်ခွဲခန်းတွေကလည်း ဆရာဝန်ကညွှန်မှသာ စစ်ပေးတယ်။ ဓါတ်ခွဲခန်းက စစ်ပြီး အဖြကို ဆရာဝန်ဆီ အကြောင်းကြားတယ်။ ဆရာဝန်ရုံခန်းက လူနာဆီကို အဖြေကောင်းကြောင်း ဖုန်းဆက်တယ်။
အမေရီးကားမှာက ဆေးသုတေသနတွေအတွက် ပိုက်ဆံသုံးတယ်။ ဆေးသစ်ထွက်လာရင် အဆမတန်ဈေးနဲ့ ရောင်းတယ်။ ကျွန်တော်တို့ မြန်မာပြည်ကတော့ ပိုက်ဆံ။ ပိုပြီးလွယ်ကူတာကတော့ ဖေ့စ်ဘွတ်မှာ ကင်ဆာကုသနည်း အလကားရတယ်။ ကိုဗစ် ကာကွယ်နည်း ကုသနည်းတွေ အခမဲ့ရတယ်။ လူနာ တခုခုဖြစ်သွားရင် RIP လို့လည်း ရေးပေးဦးမယ်။ အဲဒါအတွက်တော့ ပိုက်ဆံမလို။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ