Mosquito coils health concerns ခြင်ဆေးခွေနှင့် ကျန်းမာရေး
မြန်မာပြည်မှာ ခြင်က အတော်ကိုဒုက္ခပေးပါတယ်။ နှစ်တွေကြာပြီ။ အခြေခံအဆောက်အအုံ တိုးတက်မှုက အတော်ကို နှေးတယ်။ စစ်တပ်က အာဏာသိမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ ပိုနှေးတော့တယ်။
• insecticide products ခေါ် အင်းဆက်ကောင်တွေအတွက် သုံးနေတာတွေက ယေဘုယျအားဖြင့် စိတ်ချရပါတယ်။
• smouldering mosquito coil ခြင်ဆေးခွေမီးရှို့သုံးတာမှာ သတိထားစရာတွေရှိတယ်။ ခြင်ဆေးခွေတခုကို မီးရှို့ခြင်းဟာ စီးကရက် ၇၅ လိပ်ကနေ ၁၃၇ လိပ်ကို မီးရှို့ခြင်းနဲ့ တူတယ်လို့ သုတေသနတခုက ဆိုပါတယ်။
• ခြင်ဆေးခွေနဲ့ စီးကရက်မှာ Heavy metals ဓါတ်တွေ ပါတယ်။ အသက်ရှူလမ်းကို ဒုက္ခပေးတယ်။
• ခြင်ဆေးခွေကို အခန်းထဲမှာ (၈) နာရီအထိသာ ထွန်းသင့်တယ်လို့ အိန္ဒိယသုတေသနတခုက ဆိုပါတယ်။
• ခြင်ဆေးခွေကို မတော်တဆ စားမိရင် လည်ချောင်းနာ၊ ပျို့၊ အန်၊ ဗိုက်နာမယ်။
• ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေမီးရှို့ခြင်းအပါအဝင် လေကို သဘာဝအတိုင်း မဟုတ်စေတာမှန်သမျှ အသက်ရှူခြင်းကို မကောင်းဖြစ်စေနိုင်တယ်။
• အငွေ့အသက်တွေ၊ အနံ့တွေ၊ စက်ရုံနဲ့ မီးဖိုက ညှော်နဲ့တွေ။
• အနံ့ဆိုတာ မီးဖိုက ဆီညှော်တာကိုသာ မြင်ကြသူက များတယ်။
• သဘာဝလေထဲမှာ တခြားအနံ့အသက်တိုင်းက လေထုမှာပါဝင်တဲ့ ဓါတ်ငွေအချိုးအစားကို ပြောင်းစေတယ်။
• လေထဲမှာ အောက်စီဂျင် (၂၁%) ပါတာ ပုံမှန်။
• ရေမွှေးကို လိုတာထက် များလွန်းရင်လည်း အောက်စီဂျင် (%) နည်းစေမယ်။
Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် https://dr-tint-swe.blogspot.com/2021/06/mosquito-control-summary.html
Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးစိမ်နည်း https://dr-tint-swe.blogspot.com/2021/07/insecticide-treated-bed-nets.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment