Soda ဆိုဒါ

အလွယ်တော့ ဆော်ဒါလို့ အသံထွက်ကြတယ်။ ဆိုဒါလို့ပြောရင် မုံ့ဖုတ်တဲ့အမှုန့်လို့သာ ယူဆကြတယ်။

မြန်မာပြည်မှာ ကျွန်တော်တို့ငယ်ငယ်က အချိုရည်၊ ဘိလပ်ရည် စသဖြင့်ခေါ်တယ်။ နောက်တော့ အအေး။

ဒီတိုင်ပြည်မှာ ကိုကာကိုလာ၊ ပက်စီ၊ စပရိုက်၊ ကုခ်၊ အများကြီး အမျိုးမျိုးကို ဆိုဒါတဲ့။ ဒီမှာကြီး ဒီမှာ မွေးတဲ့ကလေးတိုင်း နေ့တိုင်းသောက်လေ့ရှိတယ်။ ပင်နီဆွေအခန်းက ဆိုဒါပုလင်းတွေ ကနေ့မှာ သတိထားမိတယ်။

ကျွန်တော်ကတော့ ဧည့်သည်လုပ်ရမှာသာ တခါတလေ ကိုကာကိုလာ သောက်ပါတယ်။ ၂၀၁၈ ခုနှစ်က  မြန်မာပြည်ကိုအလည်ပြန်တော့ ညောင်ပင်ဝန်းကားဆိပ်မှာ ကိုကာကိုလာ အနီရောင်သံဗူး စမ်းသောက်တာ၊ ဒီကအရသာနဲ့ မတူပါ။ နှစ်ဘယ်လောက်မှမကြာ လျှာပြောင်းသွားပြီထင်တယ်။ 

နယူးဒေလီက ပလာတာတို့ ထပ်တရာတို့က မြန်မာပြည်ကလောက် မကောင်းတာ သိတယ်။ အဲဒါတော့ လျှာမပြောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ