Vitamin D ဗီတာမင်ဒီ အကြောင်း

ဗီတာမင်ဒီဟာ နေရာင်ရရင် အလိုလို ခန္ဓာကိုယ်ကနေထုတ်လုပ်ပေးပါတယ်။ နေရောင်ရတိုင်းတော့ မဟုတ်ပါ။ ပူတဲ့ဒေသမှာနေကြသူတွေမှာလည်း နည်းတာရှိပါတယ်။ ရေးထားတာကြာပြီဖြစ်လို့ အရေးအသားက စာလိုသာ ဖြစ်နေပါတယ်။ သတ်ပုံလည်း စစ်ရဦးမယ်။
ဗီတာမင် (ဒီ) သည် အဆီတွင်ပျော်ဝင်သော (စတီရွိုက်) ဖြစ်သည်။ နေရောင်ခြည်သည် ဗီတာမင် (အေ) အား အရေပြားတွင် အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့ ဗီတာမင် ဒီ သောက်စရာမလိုပါ။ ဗီတာမင် ဒီ တွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်း ခေါ်သည်။ ကိုယ်အလေးချိန်နှင့် ဗီတာမင် (ဒီ) ဆက်စပ်မှု ရှိနိုင်သည်ကို မကြာသေးမီက သိလာရသည်။
အစားအစာထဲပါသည့် (ကယ်လ်စီယံ)နှင့် (ဖေါ့စ်ဖါးရပ်စ်) ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့် အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ ၄င်းတို့သည် အရိုးအတွက်ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။ အအေးမိသည်အား ဗီတာမင် (ဒီ) ရော (စီ) ကိုပါ ပေးလာကြသည်။ အသက်ကြီးသူများ၏ ဦးနှောက်ကောင်းစေရန်လည်းပေးသည်။ ပန်းနာသည်များ၊ အမျိုးသမီးများ (ရူမတွိုက်) အဆစ်နာ၊ ကင်ဆာကာကွယ်ရေးတို့အတွက်လည်းပေးသည်။
ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပြော့ Rickets ရောဂါနမည်။ အရိုးများ ပျော့နေပြီး ကောက်ကွေးနေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တို့ဖြစ်မည်။ အရိုးများ ကျိုးလွယ်မည်။
ဗီတာမင် ဒီ နည်းခြင်းနှင့် သွေးတိုးဆက်စပ်နေသည်။ နှလုံး (နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းနှင့် သွေးအလျောက် နည်းခြင်း၊) ရောဂါများ၊ တီဘီရောဂါ၊ ကင်ဆာ တို့အပြင် ရှားပေါးသော အခြားရောဂါတို့နှင့်လည်း ဆက်စပ်နေသည်။
အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10 mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။ နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။
အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။ Vitamin D2 300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။
ဗီတာမင် (ဒီ) နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25 micrograms) ပေးတယ်။ ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆ ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာရှိတယ်။ Vitamin D 300,000 IU ကို ၆ ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။
အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။
ဆီးချို (၂) အတွက် 400-5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။ Vitamin D2 ၄ လ တခါ 100,000 IU ၂၆ ပါတ်ကြာပေးတယ်။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10 micrograms နဲ့ ၂၄ လကြာပေးတယ်။
သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။
သွေးထဲမှာ ကယ်လ်စီယမ်နည်းနေသူကို Calcitriol 0.25 micrograms နဲ့ ၄-၈ ပါတ်ကြာ ပေးတယ်။
ဟိုက်ပိုပါရာသိုင်းရွိုက်ရောဂါအတွက် Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ် ပေးတယ်။ ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။
Mood disorders စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာပေးတယ်။ ဝတဲ့လူနာတွေကို တပါတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာပေးတယ်။
မာလ်တီပယ် စကယ်လ်ရိုးဆစ်ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာပေးတယ်။
ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လပေးတယ်။
Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ် Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။
ပါရာဆိုက်ပိုးဝင်တာကို 40 IU နေ့စဉ် ၅ ရက်ပေးတယ်။
လူကြီးတွေကို 400 IU of vitamin D + Calcium 800 milligrams နေ့စဉ်ပေးတယ်။ လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU နဲ့ ၁၆ ပါတ်ပေးတယ်။
Psoriasis အနာ၊ Vitiligo အနာနဲ့ Senile warts (Seborrheic Keratosis) လူကြီးကြွက်နို့အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂ ကြိမ်လိမ်းစေတယ်။
အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram နဲ့ ၃ ရက်ပေးတယ်။
ရူမတွိုက်အဆစ်နာအတွက် တပါတ်မှာ Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။
တီဘီအတွက် Vitamin D2 10,000 IU တကြိမ်ပေးတယ်။
ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800 IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။
Alendronate Sodium ရောဂါအတွက် Vitamin D 400–800 units နေ့စဉ်၊ Alendronate/Cholecalciferol fixed-combination preparation (Cholecalciferol 2800 or 5600 units) အပါတ်စဉ်၊
ဗီတာမင် (ဒီ) များခြင်းရှိတယ်။ ရှားတယ်။ နေရာင်နဲ့ထိတွေ့လို မဖြစ်စေပါ။ အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ ခံနိုင်ရည် 4000 IU/day ရှိတယ်။ 1250 micrograms/day (50,000 IU) ကို နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလို ဖြစ်နိုင်တယ်။ Primary hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။ သွေးထဲမှာ ကယ်လ်စီယမ် များနေခြင်းဟာ ဗီတာမင် (ဒီ) အဆိပ်သင့်တာကို ဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။ မကုဘဲထားရင် ကျောက်ကပ်၊ အဲ၊ နှလုံးတွေကို ထိခိုက်မယ်။ ၁၂ လအောက်ကလေးငယ်လေးတွေဟာ အများဆုံး ခံနိုင်တာက 25 micrograms/day (1000 IU) ဖြစ်တယ်။ ဗီတာမင် (ဒီ) များလို့ သွေးထဲမှာ (ကယ်လ်စီယမ်) များတာကို ဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်းမယ်၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊ အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ်ပျက်မယ်။
ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကိုသက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ ကလေးတွေမှာ ဥာဏ်ရည်ထိခိုက်မယ်။ အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊ အလေးချိန် ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့မရနိုင်ဘူး။
ပေးဂျက်စ်အရိုးရောဂါ အသင့်အတင့်ကနေ ဆိုးတာအတွက် Alendronate Sodium ဆေး ပေးတယ်။ လူနာမှာ serum alkaline phosphatase concentrations ≥ twice ULN ရှိနေရင် ဒါမှမဟုတ် နောက်ဆက်တွဲ ဖြစ်မှာ စိုးရသူတွေကို ပေးတယ်။
ဗီတာမင် (ဒီ) နဲ့ ကိုယ်ဝန်
လက်ရှိလမ်းညွှန်ကတော့ တနေ့မှာ ဗီတာမင် (ဒီ) 200-400 (IU) ဖြစ်တယ်။ များတိုင်းမကောင်းတဲ့ ဗီတာမင်တွေထဲမှာ (ဒီ) လဲပါတယ်။ အထဲကကလေးကို ချို့ယွင်စေမှာစိုးလို့ဖြစ်ပါတယ်။ စားတာထဲကရော၊ နေရောင်ကနေရလာတာရော၊ ဗီတာမင် (ဒီ) အားဆေးတွေပေါင်လိုက်ရင် တနေ့မှာ 2,000 IU ထက်မများသင့်ပါ။ ကိုယ်ဝန်နုစဉ်မှာ ဒီဆေးပေးဘို့ မလိုအပ်ပါ။
ဗီတာမင်ဒီ ကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ သုတေသနလုပ်သည့်နိုင်ငံများစားသုံးလေ့ရှိသည့် ငါးများကိုသာ ဖေါ်ပြသည်ဖြစ်၍ ဆော်လမုန်၊ ကြူနာ၊ မက်ကရယ်ငါးများ၏အမည်တို့ကိုသာ တွေ့ရသည်။ ငါးကြီးဆီ၊ အမဲအသည်း၊ ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်းပေါကြွယ်သည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ