အွန်လိုင်းမှာရေးတိုင်းသာ မှန်တယ်ဆိုရင်

ဆရာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူက ဘာတွေရှောင်သင့်လဲခင်ဗျ Online မှာပြောသလိုဆေးထိုးပြီးသားသူက အရက်ဘီယာ သောက်ရင်ရော ဘာတွေဖြစ်နိုင်လဲခင်ဗျ  မမေးဖူးလို့ အမှားပါရင် ခွင့်လွှတ်ပါဗျ

ဆရာဝန်က အဲလိုမရေးပါ။ အရက် ဘီယာဆိုတာ အထွေထွေကျန်းမာရေးအတွက် မကောင်းကျိုးတွေ ဖြစ်စေတာတော့ ဆရာဝန်မပြောလည်း သိပါမယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေလည်း ကိုဗစ်ကာကွယ်နည်းစည်းကမ်းတွေ ဆက်ပြီးလိုက်နာနေရမယ်။ လူဦးရေရဲ့ အနည်းဆုံး ၇၀% ကာကွယ်ဆေးထိုးထားမှသာ ပုံမှန်နီးပါးပြန်ရောက်နိုင်တယ်။ မျိုးကွဲသစ်တွေကလည်း ဆက်ဖြစ်နေတယ်။

အွန်လိုင်းမှာရေးတိုင်းသာ မှန်တယ်ဆိုရင် ပဒေသာပင်ကြီးပေါက်ပြီး လူတိုင်းချမ်းသာနေကြပြီ။ 

အွန်လိုင်းကရေးတိုင်းသာ မှန်တယ်ဆိုရင် လူတွေ စားစရာတခုမှရှိတော့မှာ မဟုတ်။ 

အွန်လိုင်းမှာရေးတိုင်းသာ မှန်တယ်ဆိုရင် ရောဂါမှန်သမျှ ၉၆ သိန်း ပျောက်ဆေးတွေ့မယ်။

အွန်လိုင်းမှာရေးတိုင်းသာ မှန်တယ်ဆိုရင် ကိုဗစ်ပျောက်ဆေး အမျိုးပေါင်း လေးသင်္ချေတွေ့မယ်။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ