ပုစွန် ပုဇွန် ဗုစွန်

ပုစွန် ပုဇွန် ဗုစွန်

၁။ ကြုံကြိုက်လို့ မေးပါရစေ ဆရာ ပုဇွန်လို့ တချို့ကရေးပေမဲ့ မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းမှာ ပုစွန်လို့ ရေးထားပါတယ် ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ သိချင်ပါတယ်ဆရာ
၂။ ဆရာ အဖြေမှန်က (ခ) ဇွန် လား
ပုစွန်ကြိုက်သူတွေ သတ်ပုံမှန်ပါသလား။ အရင်သတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ ပုစွန်လို့ရေးကြတယ်။ ဂုဏ်ထူးဦးသိန်းနိုင်က ပုဇွန်လို့ရေးပါတယ်။ သတ်ပုံကျမ်းမှာ ဇွန်ကို ဇွန်လနဲ့ ဇွန်ပန်းမှာသာ သုံးပါတယ်။ (ပုစွန်) (ပုဇွန်) မူကွဲအဖြစ်သတ်မှတ်ရပါမယ်။ ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း) ဗုစွန်လို့လည်း အရင်ကရေးပါတယ်။ 
အွန်လိုင်းကနေ သတ်ပုံသင်ပေးတာတွေ၊ တီဗွီက  သတ်ပုံပြိုင်ပွဲလုပ်တာတွေမှာ ဒိုင်တွေက မှားတာတွေ မကြာခဏတွေ့ရတယ်။
ပု
ပုခက်
ပုဂံပြည်
ပုစွန်
ပုစွန်ချဉ်
ပုစွန်စာပင်
ပုစွန်ဆိတ်
ပုစွန်တာရာ
ပုစွန်တုပ်
ပုစွန်လုံး
ပုစွန်ခြောက်
ပုစဉ်းထိုးငှက်
ပုစဉ်းရင်ကွဲ
ပုစဉ်းကောင်
ပုစုခရု
ပုဆစ်တုပ်
ပုဆိန်
ပုဆိုး
ပုတတ်စာပင်
ပုတတ်ကောင်
ပုတိ-ဘင်္ဂ-မရဏ
ပုတီးကုန်းမြို့
ပုတီးစိပ်
ပုထဝီ
ပုထိုးစေတီ
ပုထုဇဉ်
ပုပုကွကွ
ပုပျပ်ပျပ်
ပုရစ် = အညွန့်အဖူး
ပုရစ်ဖူး
ပုရစ်ကောင်
ပုရည် = ဆန်စပါးထည့်သောစလွယ်
ပုရပိုက်
ပုရွက်ဆိတ်
ပုရွက်ပျံ
ပုလင်း
ပုလိပ်
ပုလုကွေးလေး = သေးငယ်သော
ပုလဲတမူး = နှစ်သက်မြတ်လေးသည်
ပုလဲပုတီး
ပုလဲမြို့
ပုသိမ်မြို့
ပုအိုင့်အိုင့်
ပုရေဇာတပစ္စည်း
ပုရောဟိတ်
ပျပျပျပ်ပျပ်
စွန်
ငန်စွန်ရွာ (ယခင်သုံး) (ယခုသုံး = ငါန်းဇွန်မြို့)
ငမ်းစွန်
စွန်ငှက်
စွန်ထွက်နေသည်
စွန်ပလွံပင်
စွန်တောင်ဆွဲသည် (ထဘီစွန်တောင်ဆွဲသည်)
ပုစွန်
မိုးတိမ်စွန်
မျက်စိစွန်
လွှတ်သောစွန်
အစွန်အဖျား
အဆုံးစွန်သောဘဝ
အမြိတ်အစွန်
တောစွန်တောင်ဖျား
စွံ
စွံသွားပြီ (အဖေါ်ရသွားပြီ)
မစွံံသေးဘူးလား (အိမ်ထောင်ဖက် မရသေးဘူးလား)
ရောင်း၍စွံသည်
ပါစွံငါးကလေး
ပုဏ္ဏမာ
ဖုသျှငယ် ယုန်စန္ဒာနှင့်
မှုန်းပြာပြာ ဝဠာတွင်းမှာလ
ငွေပုစွန် တာရာလင်းတယ်
နှင်းမြူပိတ်ဖုံး။ (ဦးပြုံးချို ပြာသိုလဘွဲ့)
မြို့မငြိမ်းရေးတဲ့ ကသစ်ပန်းသီချင်း
နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာ၊ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ
ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း
လွဲခဲ့ကြရရှာ နတ်တို့ နတ်ရွာဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲပြုကာ
အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာ မင်းငယ်လေ စစ်ခင်းလုမယ်လာ ရှေးရှု ဝတိံသာ
ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း
အာလိန်ငါးဆင့် နဂါးနဲ့ဂဠုန် အရံ ဂုမ္ဘာန်ယက္ခ စတုမဟာရာဇာ မခံနိုင်ငြားလို့ သိကြားထွက်တဲ့အခါ တွက်ရေ သိန်း ခြောက်သောင်း ရှစ်ထောင့် ယုဇနာ ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ဖောက်နိုင်တာ နတ်မြင်း တထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းတာက ဆင်တော်သုမိတ္တာ ရဲတံခွန်လွှား သုံးဆယ့်သုံးပါး သိကြားငယ်ပါ နေလနတ်သား လေးပါးစစ်အင်္ဂါ ပင်လုံးကျွတ် သခွပ်ပွင့်ချိန်ခါ
ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း
နှစ်တိုင်းပဲ သခွပ်ပွင့်ချိန်မှာ သိကြားနဲ့ အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လဲ အားမရနိင်ရှာ ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ
ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း
ကိုအံ့ကြီး https://www.youtube.com/watch?v=s21v6dfQ_Os
မာမာအေး https://www.youtube.com/watch?v=h7m07Fj82O0

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ