တကောင်းမင်းဆက်

၁ဝ။ အဘိရာဇာ၊ ကြေညာလွံ့ပတ်၊ သဒ္ဓဘိဇ္ဇ၊ သျှသျှကနှင့်၊ ယဝန ဗာရာ၊ မုဏ္ဍာလောန၊ ထိုမျှခုနစ်ပါး၊ ဇာတိအားဖြင့်၊ ဆင့်ပွားကြီးငယ်၊ ရှစ်ဆယ်ပြည့်နတ်၊ တယောက်ယုတ်တည့်၊ တအုတ်တအာ၊ နှစ်သချင်္ာလည်း၊ သုံးရာတထောင်၊ ကျော်ခေါင်ပြည့်ဖြိုး၊ လေးဆဲ့ကိုးမှ၊ မင်းမျိုးပေါ်ရာ၊ ဧကာဒသ၊ တရာ့သုံးနှစ်၊ အဆုံးဖြစ်၏၊ ဘုန်းသစ်ဖြိုးဝေ၊ နေသာကီမြို့၊ မင်းတို့ဌာန၊ ပြည်ပူရ၌၊ ယဝနမင်း၊ အရင်းချီငေါ်၊ ဗြဝိရော်ဟု၊ မင်းကျော်ဘုန်းဖျား၊ ဆယ်ပါးလည်းကောင်း၊ နှစ်ပေါင်းတရာ၊ စွန်းပါခြောက်စု၊ ရတုနန်းပွင့်၊ ထိုမင့်သားမြေး၊ တဝေးတစည်း၊ မင်းချည်းဖြန့်ချိ၊ ပါဋလိက၊ ဘူမိတလာ၊ ဧကလာနှင့်၊ ့့့့့

မှတ်ချက်

တစ်ယောက်ယုတ်တည့် မဟုတ်။ တစ်အုတ်တစ်အာ မဟုတ်။ သုံးရာတစ်ထောင် မဟုတ်။ တစ်ရာ့သုံးနှစ် မဟုတ်။ နှစ်ပေါင်းတစ်ရာ မဟုတ်။ တစ်ဝေးတစ်စည်း မဟုတ်။ ဘူမိတစ်လာ မဟုတ်ပါ။ လေးဆဲ့ကိုးလို့လည်း ရေးနိုင်ပါတယ်။

တစ်ကောင်းမင်းဆက်၊ ဘူမိတစ်လာလို့ရေးတဲ့ခေတ်ဆီ ဦးတည်နေပါသည်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Cancer Foods ကင်ဆာအတွက် အစားအစာ

Colorectal cancer အူမကြီး ကင်ဆာ