ဝမ်းရေး

ပတ်မက ဗေထိ ဗေထိ(ထီ)။

နေဝင်ချိန် တိမ်အကျမှာ

ပွဲစလေပြီ။

ဘုရားရှေ့ ရင်ပြင်ဆီ

စည်ပါပေ့လူတန်း။

အောက်လင်းရယ်မြိုင်မြိုင်နှင့်

ရေနံတိုင် မင်အခိုးမှာ

မိုးထိဘနန်း။

ငချိတ်ပေါင်း ကောက်ဦးပေါ်။

ငှက်ပျောချို စလူထုပ်နှင့်

ပဲငုတ် တုတ်ဖော်။

ငါးကျည်းပေါက် ငါးခူကြော်

နှမ်းလှော်ထောင်း ပျံ့သင်း။

ပွဲစျေးမှာ လူစည်ခိုက်

အရီးချည်ဗန်းကိုချကာ

ရောင်းရလေခြင်း။

အထက်မီးအောက်မီးနှင့်

အိုးကင်းကြီးဖိုခွင်မှာ။

အုန်းအလွှာနှမ်းလှော်ဖြူးနှင့်

တူးနံ့နဲ့ပါ။

"ရန်ကြီးအောင်" "ပြည်တော်သာ"

ဘိန်းမုံ့ပါဝယ်ကြ။

အမည်မည်အော်လို့ရောင်းတယ်

ကောင်းလှပေစွ။

ဆိုင်းမပြင် ဖျာမခင်းနှင့်

မုံ့အိုးကင်းသူမပါ။

အပူရှိန်ထိန်ထိန်ညီးတယ်

မီးပုံလို့သာ။

ဗယ်တလှည့် ညာတခါ

မီးလျှံမှာကင်ရ။

မုံ့လေပွေသူအပြန့်

သင်းနံ့ချိုမြ။

မုံ့လေပွေအမယ်ကြီး

မီးတောက်လို့သူမပူ။

လက်ဗယ်ညာပြန်ကာလှုပ်ခိုက်

ဝမ်းကြုတ်ကြုတ်ဆူ။

မီးလျှံကပူ

ပူပေမင့်လေး။

ဝမ်းရေးကဆူ

ဆူပေထင့်လေး။

ဇရာအို

မျက်ထားရှင်မချိုနှင့်

ထွာတညိုဝမ်းကိုကျောင်းရှာရ

ကြောင့်ကျမအေး။ ။

နုယဉ်ရေးတဲ့ကဗျာမှာ ဗယ်တလှည့် ညာတခါ၊ ထွာတညို။ အဲဒါတွေကို စသတ်နေလို့ကတော့ မုံ့ကောင်းစားရမယ်မထင်။

ဒေါက်တာတင့်ဆွေ

၁-၉-၂၀၁၉


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ