Burma News Network မနေ့က အင်တာဗျူး
“PDF Concepts ဟာ မြန်မာ့သမိုင်းမှာ လုံး၀ အသစ်ပေါ်လာတာဖြစ်တယ်”
(၃၁/၈၂၀၂၁)
ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး ဆောင်ရွက်နေတဲ့ လက်ရှိ PDF လူငယ်တွေရဲ့ စဉ်းစားချက်ဟာ မြန်မာ့သမိုင်းမှာ လုံး၀ အတွေးအခေါ်အယူအဆသစ်တခုဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက မေးမြန်းစဉ် သူက အဲဒီလိုပြောခဲ့တာပါ။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားလှယ်၊ အမျိုးသားညွန့်ပေါင်းအစိုးရ NCG ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာတင့်ဆွေနဲ့ မေးမြန်းချက် အပြည့်အစုံကိုတော့ မနက်ဖန် ညပိုင်းမှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment