Covid vaccination ကိုဗစ်ကာကွယ်ဆေး ထိုး မထိုး ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိကြပါတယ်

မဂ်လာနံနက်ခင်းပါရှင့် ဆရာ ဆရာရှင့် သမီးက  ဗိုက်ခွဲထားတာ ၁၀.၈.၂၀၂၁ ရက်နေ့ကပါရှင့် သားအိမ်ဘေးမှာသွေးလုံးတွေရှိလို့ ခွဲလိုက်ရတာပါတယ်ရှင့် အခု ၄.၉. ၂၀၂၁ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရလားရှင့်ဆရာ သမီးကို ကျေးဇူးပြု၍ဖြေပေးပါရှင့် ကလေးလည်းယူနေသူတယောက်ပါရှင့် ကိုဗစ်ဆေးကြောင့် ကလေးမရမှာတွေစိုးရိမ်လို့ပါရှင့်

ခဏခဏ ထပ်ခါထပ်ခါ တင်ပြနေတယ်။ ယူအက်စ်အေမှာ ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်တွေလည်း ထိုးလိုကထိုးနိုင်။ ကလေးနို့တိုက်နေလည်း ထိုးလိုကထိုးနိုင်ပါတယ်။ ကိုယ်ဝန်ယူမှာကိုလည်း ရက်နောက်ဆုတ်ထားရန်မလိုပါ။

ကိုဗစ်ကာကွယ်ဆေးကြောင့် ကလေးမရဆိုတာ အခုစာရေးနေချိန်အထိ ဘယ်တိုင်းပြည်က သတင်းကိုမှ မတွေ့ဘူးသေးပါ။ ကိုဗစ်ကာကွယ်ဆေးကြောင့် ကိုယ်ဝန်ပျက်တဲ့သတင်းနဲ့ မူမမှန်ကလေးမွေးဖွားတဲ့သတင်းတွေလည်း ဘယ်တိုင်းပြည်မှ မတွေ့ဘူးသေးပါ။

၂၅-၈-၂၀၂၁ က ယူအက်စ်အေမှာ ကာကွယ်ဆေးထိုးမထားတဲ့ ကိုယ်ဝန်ဆောင်တယောက် ကူးစက်ခံရပြီး မိခင်ရော ကလေးပါ ဆုံးသွားတဲ့သတင်း တင်ပြခဲ့ပါသေးတယ်။

ခိုင်မာတဲ့သတင်းကိုသာ တင်ပြခြင်းဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုး မထိုးကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိကြပါတယ်။

Unvaccinated pregnant nurse, unborn baby die after she contracts Covid ကိုဗစ်ကာကွယ်ဆေး ထိုးမထားတဲ့ ကိုယ်ဝန်ဆောင် သေဆုံး https://dr-tint-swe.blogspot.com/2021/08/unvaccinated-pregnant-nurse-unborn-baby.html 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ