Epinephrine injection ကိုယ်တိုင်ဆောင်ထားလည်းရတယ်


ဖြေထားတာတွေကို အခါ ၂၀ ကျော် တင်ပြပြီး။

မင်္ဂလာပါ ဆရာရှင့် ကိုဗစ် ကာကွယ်ဆေးကို အလာဂျီဆိုးဆိုးဝါးဝါးဖြစ်ဖူးသူ မထိုးသင့်ဘူးလို့ ဆရာရေးထားတာဖတ်ရပါတယ်ရှင့်။ အစ်မဖြစ်သူက အသက် ၃၈ နှစ်လောက်က စပြီး ၂ နှစ်ကြာ  ၃နှစ်ကြာလောက်ဆို အင်ပြင်လိုအပိန်းပိန်းတေ (အပိန်းပိန်းတွေ) ပိန်းပိန်းတေ (ပိန်းပိန်းတွေ) ထွက်ဖူးပါတယ် တကိုယ်လုံးထွက်ပြီးသွားမှ သူအလိုလိုပြေပြေသွားပြီး ကောင်းသွားတတ်ပါတယ်။ အခုအသက်က ၅၆ ရှိပါပြီး  အင်ပြင်လို အပိန်းပိန်းတွေ မထွက်တာ ၅ နှစ် လောက်ရှိပါပြီး။ အခု ကိုဗစ်ကာကွယ်ဆေးထိုးလို့ ရ မရ သိခြင်(သိချင်)လို့ပါ ဆရာရှင့်။ ဆရာ့ကို အားကိုးပါတယ်ရှင့်။

အင်ဂျက်ရှင် ခေါ် ထိုးဆေး ထိုးပေးသူတိုင်းဆီမှာ ဖြေဆေး ခေါ် အလာဂျီ ခေါ် အနာဖလက်စစ် ခေါ် ဆေးမတည့်လို့ ရှော့ခ် ဖြစ်တာကို ကုသတဲ့ဆေး အဆင်သင့်ရှိရမယ်။ 

EPI Pen က ယူအက်စ်အေမှ ရတယ်။ ဆေးစျေးကြီးတယ်။ ကျန်တာက  ဘယ်နိုင်မှာမဆို ရတယ်။ အလွန်စျေးချိုတယ်။ Epinephrine injection ကိုယ်တိုင်ဆောင်ထားလည်းရတယ်။ ဆေးသက်တမ်းလွန်ရက်စွဲသာ သတိထားပါ။ ရယ်ဒီမိတ် ခေါ် တခါတည်းထိုးလို့ရတာ ဝယ်မရရင် ၂ စီစီ (2 cc) ဆေးထိုးအပ်တချောင်းလည်း ဆောင်ထားပါ။ ဆေးက 0.3 - 0.5 ml (cc) သာ လိုတယ်။

EPI Pen ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ ရှိရမယ် https://dr-tint-swe.blogspot.com/2021/08/epi-pen.html

Epinephrine injection ဆေးမတည့်ခြင်းအတွက် အရေးပေါ် ထိုးဆေး https://dr-tint-swe.blogspot.com/.../epinephrine...

Epinephrine ထိုးဆေး https://dr-tint-swe.blogspot.com/2021/08/epinephrine.html

Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html

တကိုယ်လုံးရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ