Low Back Pain ခါးနာ သက်သာစေရန်
- မင်္ဂလာပါဆရာခင်ဗျာ ညာဘက်ခါးနာနေလို့ဘာဖြစ်နိုင်ပါသလဲဆရာ တဆစ်ဆစ်ကိုက်တယ်လို့ပြောပါတယ် ညီတယောက်ရဲ့အမျိုးသမီးပါအသက် ၂၈ ပါဆရာ
1. ဆရာ ကျမ အသက် ၃၂ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေး အသက် ၂ နှစ်ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၇ လခန့်က အဝတ်လျှော်ပြီး မတ်တပ်ရပ်စဉ် ခါးနာသွားပါတယ်။ နောက် ခြေဖျားကျင်ပြီး လမ်းလျှောက်လျှင် တင်ပါးခွက် တော်တော်အောင့်ပါတယ်။ ခြေသလုံးကိုက်ပြီး မတ်တပ်(မတ်တတ်)မရပ်နိင်ပါ။ ၅ မိနစ်ရပ်လိုက်လျှင် မခံရပ်နိင်အောင် ခြေသလုံးကိုက်ပါသည်။ ဓါတ်မှန်မရိုက်ပါ။ ဆရာဝန်မှ Allopurinol Zyloric & Zycel100 ပေးပါသည်။ အနိပ်လဲခံပါသည်။ မပျောက်ကင်းပါရှင့်။
2. ဆရာရှင့် သမီးက အိမ်ထောင်ရှိ မိန်းခလေး တယောက်ပါ။ သမီး အသက်က 28 နှစ်ပါ။ အိမ်ထောင်ကျတာ 3 နှစ်ပြည့်ပါပြီ၊ ကလေးတယောက်လဲ မထွန်းကားသေးပါ။ အခု ခါးနာလာတယ်။ တပတ် ပြည့်တော့မယ်။ ဆေးခန်းလဲ သွားမပြသေးပါ။ ဆေးခန်းသွားပြရင် အိုဂျီနှင့် ပြရမှာလား အရိုးအကြော ဆရာဝန်နှင့်ဘဲပြရမှာလားဆိုတာ သမီး မသိလို့ပါ။
• လူတိုင်းလိုလို တချိန်မှာ ဖြစ်ဘူးကြတယ်။ သူ့ဖါသူ ပျောက်သွားတာ များတယ်။ မပျောက်ဘူးဆိုရင် ထိရောက်တဲ့ ကုသနည်းတွေ ရှိတယ်။
• Dull ache ထုံပြင်းပြင်းနာတာနဲ့ Stabbing or shooting sensation ထိုးတာခံရသလိုနာတယ်။ ခါးမတ်အောင် နေလို့ မရဖြစ်တယ်။ အားကစားလုပ်ရင်း၊ အလုပ်လုပ်ရင်း ရုတ်တရက် နာလာတာ ရှိတယ်။ ၃ ရက်နေလို့မှ မပျောက်ရင် ဆရာဝန်ပြပါ။ ၃ လနေလို့မှ မပျောက်ရင် နာတာရှည်လို့ သတ်မှတ်တယ်။
• အသက် ၃ဝ ကျော်လောက်မှာ အများဆုံး စဖြစ်ဘူးတတ်တယ်။ ဒိထက် အသက် ကြီးလာလေလေ ဖြစ်နိုင်ခြေများလေလေ။ ကိုယ်အလေးချိန် ပိုလာတာ၊ လှုတ်ရှားမှု နည်းလာတာတွေကြောင့်ဖြစ်မယ်။
• ဆီးသွား-ဝမ်းသွားတာအထိ ထိခိုက်လာရင်၊ အောက်ပိုင်းမှာ အားနည်းလာရင်၊ ဖျားလာရင်၊ ချောင်းဆိုး လိုက်ချိန်မှာ ပိုနာတာဖြစ်ရင်၊ ဆီးသွားလို့ ပိုနာရင် အရေးကြီးတာ ဖြစ်နိုင်တယ်။
• အလေးအပင်မရာကနေဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရင်းကနေဖြစ်တာမျိုးက Muscle Strain ကြွက်သားနာတာ ခေါ်တယ်။
• နောက်တမျိုးက ခါးရိုးဆစ်က အရွတ်ရွေ့တာ Sciatica ခေါ်တယ်။ နောက်ဟာမျိုးဆိုရင် Sciatic nerve (ဆိုင်ယားတစ်) အာရုံကြောတလျှောက် လိုက်နာမယ်။ တင်ပါး-ပေါင်-ခြေသလုံးအထိ နာမယ်။
• အလုပ်လုပ်ရာမှာ အလေးမရတာ၊ ဆွဲရတာမျိုးတွေက Twists the spine ခါးကိုလိမ်သလိုလုပ်ရရင်ဖြစ်နိုင်တယ်။ ထိုင်လုပ်နေရတာ ကြာသူတွေလဲ နာနိုင်တယ်။
• ပိုက်ဆံအိတ်၊ ကျောပိုးအိတ်၊ လက်ဆွဲအိတ်တွေကြောင့်လဲ ဖြစ်နိုင်တယ်။
• Gym or Golf course အားကစားနည်းတွေကနေလဲ နာတယ်။
• ခါးရိုးမကြီးဆိုတာ အရိုးလေးတွေ တခုနဲ့တခု ထပ်နေတယ်။ အရိုးတခုနဲ့တခုကြားမှာ အရိုးနုပြားလေးတွေရှိတယ်။ အရိုးလောက် မသန်မာလို့ အသက်ကြီးသူတွေ အားမကောင်းတော့ဘူး။ ခါးကိုထိခိုက်မိရင် စုပ်ပြဲသွားနိုင်တယ်။ ကျွံသွားနိုင်တယ်။ နောက်ကိုကျွံရင် သူ့နောက်က အာရုံကြောမကြီးကို သွားဖိစေနိုင်တယ်။ Herniated Disc ခေါ်တယ်။ အလွန်နာမယ်။
• Spinal stenosis ခါးရိုးနေရာကျဉ်းတဲ့ရောဂါမျိုးကနေလဲ အာရုံကြောကိုဖိစေပြီး နာစေနိုင်တယ်။ Spondylitis ရောဂါကနေလဲ နာနိုင်တယ်။ Fibromyalgia ရောဂါကနေလဲ နာနိုင်တယ်။
• ခါးနာတာသေခြာအောင် X-rays, CT or MRI scans တွေနဲ့ခွဲခြားရတယ်။
1. Posture အနေအထိုင် ပုံစံ၊ ခါးမတ်ထိုင်ပါ။ ခါးအမှီပါစေရမယ်။ ပခုံးပါ နားစရာရှိသင့်တယ်။ ခြေထောက်ကလဲ နားစေနိုင်ရမယ်။ မတ်တပ်ရပ်ရင် ကိုယ်အလေးချိန်ကို ခြေနှစ်ဖက်လုံးပေါ်မှာ မျှနေပါစေ။
2. Muscle strain ကြောင့်နာတာမျိုးက သူ့အလိုလိုကောင်းမှာပါ။ ဒါပေမဲ့ Heating pad or warm baths အပူကပ်ပေးတာ လုပ်နိုင်တယ်။
3. Bed Rest ခါးနာတာကို နားခိုင်းမလား။ ခါးနာသူတွေက အိပ်ရာထဲကမထချင်ကြဘူး။ ဒါပေမဲ့ Muscle strain ကြောင့်သာဆိုရင် လုပ်နေကြအလုပ်ကို စောနိုင်သမျှစောပြီး ပြန်လုပ်သင့်တယ်။ အိပ်ရာထဲမှာ ၁-၂ ရက် နေသူတွေက ခါးနာပိုဆိုးစေနိုင်တယ်။
4. Yoga (ယောဂ) နည်းကို ၃ လနေလို့မှ မသက်သာသေးသူတွေ ၃ လ လုပ်သင့်တယ်။
5. Spinal Manipulation အထူးကုဆရာဝန်တွေက တချို့ကိုလုပ်ပေးတယ်။
6. Massage Therapy နှိပ်နည်းကို နာတာရှည် ခါးနာသူတွေကို လုပ်ပေးနိုင်တယ်။ ဒါလဲ ၂ လလောက် အချိန်ယူတယ်။
7. Acupuncture အပ်စိုက်ကုသနည်း ထိရောက်မှုက လေ့လာမှုတွေမှာ မတူကြတာတွေ့ရတယ်။ Simulated acupuncture နည်းရော Real acupuncture with needles နည်းရောလုပ်နတယ်။
8. Acetaminophen, Ibuprofen, or Naproxen စားဆေးတွေနဲ့ Pain-relieving creams လိမ်းဆေးတွေ သုံးတယ်။ လိုသေးရင် ပိုပြင်းတဲ့ဆေးပေးမယ်။
9. Steroid Injections (စတီရွိုက်) ထိုးဆေးလဲ တချို့ကိုထိုးပေးတယ်။
10. ခွဲစိတ်ကုသနည်း၊
11. Physical Therapy (ဖီဇီယို) ကုသနည်းမှာ Stretches, Strength exercises, and Low-impact cardio နည်းတွေသုံးတယ်။
12. ခါးကို Flexion and extension exercises ခါးကို အကွေး-အဆန့် လေ့ကျင့်ခန်း လုပ်ပေးတယ်။
• ဘယ်လို ကာကွယ်မလဲ။ အတိအကျ မဖြစ်ရပါဘူးလို့ အာမခံနိုင်တာ မရှိပါ။
- ကိုယ်အလေးချိန်ထိန်းပါ၊
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- မ,စရာရှိရင် ခြေနဲ့သာ မပါ။ ခါးနဲ့ မမပါနဲ့။ အလုပ်လုပ်ရာ အနေအထိုင်မှာ ခါးကို သက်တောင့်သက်သာ အမြဲရှိပါစေ။
- ခေါင်းအုံးမြင့်တာ မသင့်ပါ။ အိပ်ရာခင်း မာမာမှာသာ လဲလျောင်းပါ၊ အိပ်ပါ။ မွေ့ယာ မသင့်ပါ။ ကြိုးကုတင်၊ Dream bed (ဒရင်းမ်ဘက်)၊ စပရင်ကုတင် မသင့်ပါ။
- ထိုင်ရင် ပေါင်ကအောက်ခံမှာထိနေ၊ ကျောက နောက်မှီနဲ့ထိနေရမယ်။ ဖင်ထိုင်ခုံမှာ မထိုင်ပါနဲ့။ ကြမ်းပေါ် တင်ပါးချ မထိုင်ပါနဲ့။ ပက်လက်ကုလားထိုင်၊ (ဆိုဖါ) အိတာမှာ မထိုင်ပါနဲ့။
- မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးလုပ်ရာမှာ ကြွေခွက်၊ စားပွဲ၊ ခုံ ကိုယ်နဲ့အနေတော်ပါစေ။ နည်းနည်းလေးမှ မကုံးရစေပါနဲ့။
- ရေအိမ်သာ ဒူးကို ၉ဝ ဒီဂရီ ကွေးနိုင်တဲ့ အမျိုးအစားသုံးပါ။
Dr. တင့်ဆွေ
Comments
Post a Comment