Message in a Bottle ပုလင်းနဲ့လာတဲ့စာ

ဖရင်း မဟုတ်သေးသူတွေဆီကနေ မက်စင်ဂျာကနေလာတဲ့ မက်ဆေ့ချ်တွေကို Filter messages လို့ခေါ်တယ်။ အဲတာတွေရှိနေတာ သိလာတာ မကြာသေးပါ။ သိကတည်းက စစ်ပြီး Accept လုပ်ရတယ်။ ဖြေသင့်တာတွေ ဖြေပါတယ်။ တချို့ရေးထားတာတွေက နှစ်ကျော်ကြာပြီ။ အဲလိုလုပ်ရကောင်းမှန်းသိစက ဖုန်းကိုအရင်ဖွင့်ပြီး Accept လုပ်ရတယ်။ အကြွေးတွေဆပ်ရတယ်။ ထောင်ဂဏန်းကျော်တယ်။

မနေ့ကစပြီး ကွန်ပြူတာကနေ လုပ်တတ်လာတယ်။ နည်းတာမဟုတ်။ ကျွန်တော့်မှာ ဖေ့စ်ဘွတ်က ၂ ခုနဲ့ Page တခုဆိုတော့ လက်အတော်ဝင်တယ်။ နောက်ပြန်ရှာပြီးဖြေနေပါတယ်။ အကြွေးတွေ။

ရှေးတုန်းက ပင်လယ်ခရီးသွားသင်္ဘောပေါ်ကနေ အလုံပိတ်ပုလင်းထဲ စာထည့်ပို့နည်းသုံးခဲ့ကြတယ်။ ရုပ်ရှင်တကားလည်း ရှိတယ်။ ကေဗင် ကော့စ်နာ ပါတယ်။

ကမ်းခြေရောက်လာတဲ့ ပုလင်းထဲကစာရသလိုပဲ သဘောထားပါတယ်။ ဖတ်စရာ ဖြေစရာတွေ ကျန်သေးတယ်။ လုပ်လိုက် နားလိုက်။ ၂၀၁၇ နှစ်ဆန်းရောက်မှာ သိတာ။ မောပြီ။

တချို့လည်း ပြန်မဖြေလို့ စိတ်ဆိုးသွားကြမယ်။ ဆောရီး။ တချို့ ပုလင်းတွေက ခုထိ ပင်လယ်ကြီးထဲမှာ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ