Skineal လိမ်းဆေး

ခဏခဏမေးကြတယ်။ မေးခွန်း နမူနာသာထည့်ပါမယ်။ ၁။ အမျိုးသမီး အသက် ၃၂ ရာသီမှန် ခင်ပွန်း ့့့။ ဒေါက်တာ ဒီဆေးက ဘာအတွက် ကောင်းတာလဲ ဝက်ခြံကြောင့် ဖြစ်တဲ့ အမဲစက်ကို လိမ်းတာ အမဲစက်နဲ့ အမာရွတ်တွေကို လိမ်းကြည့်တော့ သက်သာသလို ခံစားရလို့ပါ မျက်နှာမှာ လိမ်းရင် ဆိုးကျိုးများ ရှိနိုင်မလား

၂။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၂ရနှစ်ရှိပါပြီဆရာ။ ကျွန်မ မျက်နှာမှာ ဓါတ်မတည့် ဖြစ်ပြီး ယားတာ မကြာခဏ အစားမှားရင်ပြန်ဖြစ်တက်တယ် ဆရာ။ ကျွန်မ အစားမှားပြီး မျက်နှာနည်းနည်း စပြီးယားလာပြီဆိုရင် skineal ကို ယားတဲ့နေရာမှာလိမ်းလိုက်ရင် သက်သာသွားပါတယ် ဆရာ။ တချို့က skineal က steroid ပါလို့ မလိမ်းရဘူးပြောပါတယ် ဆရာ။ skineal ကို side effects မရအောင် ဘယ်လိုလိမ်းရမှာလဲ ဆရာ။ ဒါမှမဟုတ်ရင် skineal ထက်ကောင်းတဲ့ဆေးကို ညွန် (ညွှန်)ပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

Skineal စကင်နီရယ်လိမ်းဆေးဆိုတာ Clobetasol Propionate, Ketoconazole and Neomycin Sulphate ဆေးတွေ ရောထားတာဖြစ်တယ်။ ပျောက်နိုင်ခဲတဲ့ နှင်းခူလိုအနာ၊ ဗက်တီးရီးယားသေဆေးနဲ့ ဖန်းဂတ်စ် ခေါ် မှိုဆေးတွေပါနေတယ်။

• Inflammatory skin conditions အရေပြားရောင်ရမ်ခြင်း၊

• Fungal infections ဖတ်းဂတ်စ် ခေါ် မှိုပိုးဝင်ခြင်း၊

• Itching ယားခြင်း၊

• Yeast infections of skin အရေပြားယိစ် ခေါ် မှိုတမျိုးဝင်ခြင်း၊

• Bacterial infections ဗက်တီးရီးယားပိုးဝင်ခြင်းနဲ့

• Adjunctive therapy in hepatic coma အသည်းမကောင့်တော့သူတွေအတွက် သုံးနိုင်တယ်။

• Preoperative preparation of the bowel အူလမ်းမခွဲစိတ်မီ ပြင်ဆင်မှုအတွက်လည်း သုံးတယ်။

ပဌမမေးတဲ့သူ ဒီဆေးက ဝက်ခြံဆေးမဟုတ်။ အမာရွတ်ပျောက်ဆေးမဟုတ်ပါ။ ဒုတိယမေးတဲ့သူမှာ အလာဂျီ ခေါ် တခုခုနဲ့မတည့်လို့ဖြစ်သလား စဉ်းစားရတယ်။ မတည့်တယ်ဆိုတာ အစားအစာကသာမဟုတ် အမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ Allergy Triggers စာတပုဒ်တင်ထားတာရှိတယ်။ အလာဂျီကြောင့်ဖြစ်တာအတွက် အလာဂျီဆေးနည်းနဲ့မှသာ သင့်မယ်။ စာတပုဒ်မက ရေးထားတယ်။ ဖန်းဂတ်စ် အတွက် စာတွေလည်းရှိတယ်။ ဝက်ခြံစာတွေလည်း ခဏခဏတင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ