Anovera ကိုယ်ဝန်တားဆေးသစ်

(ကန်တော့)

Anovera (Segesterone acetate and ethinyl estradiol vaginal system)

Delivers 0.15 mg/0.013 mf per day)

ယူအက်စ်အေမှာ ကြော်ငြာနေတဲ့ ဗဂျိုင်းနားထဲ ထည့်ထားရသည့် ကိုယ်ဝန်တာဆေးကွင်း။

ဟော်မုန်း ၂ မျိုးပါသည်။ 

silicone ring ဆီလီကွန် ကွင်းငယ်ဖြစ်သည်။

၂၁ ရက်ထည့်ထား။ ၇ ရက်နား။ ပြန်ထည့်။ 

၉၇% ထိရောက်မှုရှိ။

ဆရာဝန်လက်မှတ်နဲ့သာရောင်းချ။

တကွင်း တနှစ်ခံ။

ဘေးထွက်သက်ရောက်မှုတွေ ဖြစ်စေနိုင်တဲ့ အီစထိုဂျင် ပါဝင်မှု အလွန်နည်း။ Estrogen is very low at 13 mcg per day

မသုံးသင့်သူများ

အသက် ၃၅ နှစ်အထက် ဆေးလိပ်သောက်သူများ

အသက် ၃၅ နှစ်အထက် မိုင်ဂရင်းရောဂါရှိသူများ

ကလေးနို့တိုက်နေသူများ

ရာသီမမှန်သူများ

မကြာမီ ခွဲစိတ်ကုသရန် အစီအစဉ်ရှိသူများ

အသဲရောင်စီ ဆေးသောက်နေရသူများ

အဝလွန်သူများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ