တဆယ် တရာ Get link Facebook Twitter Pinterest Email Other Apps - September 30, 2021 သချင်္ာတွက်စို့ပူစူး (ချောက်) ၏ ကဗျာချောက်မြို့မှာ သတ်ပုံမှန်ပါစ။တယောက်တလက်တို့စိုက်ခင်းဘော်ဘော် (သလ္လာ) ၏ ကဗျာသလ္လာ ခေါ် မုံရွာမှာ သတ်ပုံမှန်ပါစ။ဒေါက်တာတင့်ဆွေ Get link Facebook Twitter Pinterest Email Other Apps Comments
Colorectal cancer အူမကြီး ကင်ဆာ - April 26, 2021 ၁။ မင်္ဂလာပါခင်ဗျာ အူမကြီးကင်ဆာဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြပါလည်းခင်ဗျာ ပြန်ပြီးအလင်းပြပါနော် ချမ်းသာကျမ်းမာကြပါစေ (ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာတွေ့လို့သာ) ၂။ ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။ Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။ Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ Read more
Allergic skin အရေပြား အလာဂျီ - August 20, 2021 ရေးထာတာ ၇ နှစ်တိတိရှိပြီ။ သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ ၁။ ဆရာ ကျွန်တော့်ကိုယ်နေရာအနှံ့မှာ ဘုသေးသေးလေးတွေထွက်လာပါတယ်။ လက်တွေ ခြေထောက်တွေ ပေါင်တွေ ကျောကုန်းတွေမှာရောပဲ ဆရာ။ အစုလိုက်ရော တလုံးချင်းရော။ ဘာဖြစ်မှန်းမသိဘူးဆရာ။ ဘုလေးတွေကယားတယ်။ သောက်ဆေး လိမ်းဆေးလေး ညွှန်ကြားပေးပါအုန်း ဆရာ။ ၂။ သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။ ၃။ ဆရာ Allergy အကြောင်းတင်တာနဲ ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသားတွေယားလို ့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော်နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ် ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန် ့ရှိပါပြီ။ မသောက်ရင် အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်သောက်ရင် Read more
Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ - November 26, 2021 ဘာကင်ဆာဖြစ်နေတာ ဘယ်အစားအစာနဲ့ တည့်ပါသလား စသဖြင့် မေးတာတွေ နေ့တိုင်းလိုလိုဖတ်ရတယ်။ ကျွန်တော့ကို မေးတာ မဟုတ်။ ကင်ဆာအထူးကုဆရာဝန်တွေကိုမေးတာလည်း မဟုတ်၊ ဖြေချင်သူဖြေပါသဘော မေးနေကြတယ်။ ကင်ဆာမှန်သမျှ စောစောသိပြီး စနနစ်တကျကုသရမယ်။ အစာနဲ့ မပျောက်။ အားဆေးနဲ့ မပျောက်။ ဖြည့်စွက်စာနဲ့ မပျောက်ပါ။ ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ 1. အစာတမျိုးထဲကနေ ကင်ဆာကို နိုင်အောင် မကူနိုင်ပါ။ 2. အရောင်တွေစုံတာ ကောင်းတယ်။ 3. ကင်ဆာတိုက်စရာ မနက်စာစားပါ။ 4. ဖေါလိတ်များတာ စားပါ။ 5. ဆိုင်စာတွေ သတိနဲ့စားပါ။ 6. ခရမ်းချဉ်းသီးတွေက တပ်သားကောင်းတွေဖြစ်တယ်။ 7. လက်ဖက်ရည်ကြမ်းဟာ ကင်ဆာ တိုက်ဖျက်ရာမှာ ကောင်းတယ်လို့ လူပြောများနေတယ်။ 8. စပျစ်သီးလေးတွေလဲ အားကိုးနိုင်တယ်။ 9. အရက်သေစာ လျှော့သောက်ပါ။ 10. ရေက ရေငတ်သာ ပြေစေတာ မဟုတ်ပါ။ 11. ပဲသီးတွေလဲ အားကြီးတယ်။ 12. မုံလာအမျိုးမျိုးတွေလဲ ကောင်းတာဘဲ။ 13. စိမ်းစိုနေတဲ့အရွက်တွေ စားပေးပါ။ 14. ဝါဝင်းနေတဲ့ နနွင်း 15. ချက်ပြုတ်နည်းတွေလဲ လိုသေးတယ်။ 16. (ဘယ်ရီ) သီးလေးတွေချိုပါတယ်။ 17. (ဘယ်ရီ) သီးပြာပြာ ကောင်းပါတယ်။ 18. သကြားပုလင်းလေး လှမ်းလိုက်စမ်းပါ။ 19. ဗီတာမင်တွေက ကောင်းပါတယ်။ 1. Fighting Cancer Read more
Comments
Post a Comment