တယောက်တည်း တယောက်ထဲ


တယောက်တည်းက ပိုမှန်တယ်။ တယောက်ထဲလို့လည်း အရင်က ရေးခဲ့ကြတယ်။ တယောက်တည်းကို စသတ်တာကတော့ အမိန့်တော်ရသတ်ပုံသာဖြစ်ပါတယ်။

သုမေဓာရှင်ရသေ့ အလိုဆန္ဒရှိပါမူကား ထိုနေ့၌ပင် တရားကို မျက်မှောက်ပြုပြီး ကျွတ်တမ်းဝင်နိုင်ပေရာ၏။ သို့ရာတွင် သူ့၌ အလိုဆန္ဒမရှိ။

ငါသည် အစွမ်းအားကို မြင်သော ယောက်ျားဖြစ်ပါလျက် တယောက်တည်း ကူးမြောက်ခြင်းဖြင့် ငါ့အား အဘယ်အကျိုး ရှိတော့အံ့နည်း၊ ငါသည် သဗ္ဗညုတဉာဏ်သို့ ရောက်၍ နတ်နှင့်တကွသော လောကကို ကယ်တင်ပေအံ့၊ များစွာသော လူအပေါင်းတို့ကို ကယ်တင်ပေအံ့ -

ဤသို့ အကြံဖြစ်သည့်အတိုင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံ၌ ဘုရားဆုပန်လေသည်။ ထိုအခါ ဒီပင်္ကရာ ဘုရားရှင်းက နောင်သောအခါ ထိုသူသည် ကပိလဝတ်ပြည်၌ ခမည်းတော် သုဒ္ဓေါဒနဘုရင်နှင့် မယ်တော်မာယာ မိဖုရားတို့မှ မွေးဖွား၍ တောထွက်ပြီးသော် နေရဥ္ဇရာမြစ်အနီးရှိသော ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဂေါတမအမည်ဖြင့် ဘုရား ဖြစ်လတ္တံ့ဟူ၍ ဗျာဒိတ်ပေးခဲ့လေသည်။

တယောက်တည်း ကူးမြောက်ခြင်းဖြင့် ငါ့အား အဘယ်အကျိုး ရှိတော့အံ့နည်းသတ်ပုံကို တင်ပြခြင်းဖြစ်ပါတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ