တို့တတွေ Get link Facebook Twitter Pinterest Email Other Apps - September 30, 2021 တို့တစ်တွေဆိုတာ နံပတ်တစ် ရသူတွေ။ တို့တစ်တွေဆိုတာ ပဌမရသူတွေ။ တို့တစ်တွေဆိုတာ သတ်ပုံအမှားရေးပြိုင်ပွဲမှာ ဗိုလ်စွဲသူတွေ။ဒေါက်တာတင့်ဆွေ Get link Facebook Twitter Pinterest Email Other Apps Comments
Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) - October 12, 2021 ဆံပင်ကျွတ်တာ ဘာလို့ ဖြစ်ရသလဲ။ မျိုးဇီဖ နဲ့ ပတ်ဝန်းကျင်တို့ကို လက်ညှိုးထိုးဘို့ ကြိုးစားကြပေမဲ့ တကယ်တော့ မသေချာဘူး။ မျိုးရိုးလိုက်တာတောင် အမေရဲ့ အဖေဘက်ကလို့ ထင်ကြတယ်။ မတိကျပါ။ လေ့လာချက်တွေ အမျိုးမျိုးလုပ်၊ ကိန်းဂဏန်းတွေလည်း အမျိုးမျိုး ထုတ်ကြတယ်။ ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေထဲမှာ ဆံပင်ကို တင်းနေအောင်ဆွဲပြီး၊ ဖီးတာ၊ ဆံပင်ပုံစံ လုပ်တာကနေဖြစ်တာပါတယ်။ (ပိုနီတေးလ်)၊ (ကောင်းန်-ရိုးလ်) လိုမျိုးပေါ့။ Trichotillomania ခေါ်တယ်။ ငယ်ရွယ်သူတွေမှာ ပိုဖြစ်တယ်။ ပြင်းတဲ့ ဆေးတွေနဲ့ ကုရလို့၊ ဓါတ်ကင်-ခွဲစိတ်ခံရလို့၊ အဆိပ်သင့်လို့ကြောင့်လည်း ဖြစ်ကြရတယ်။ Tinidazole ရဲ့ Side-effects တွေထဲမှာ ဆံပင်ကျွတ်တာ မပါပါ။ ကလေးဖွါးရလို့လည်း ဖြစ်သေးတယ်။ အမှန်က ကိုယ်ဝန်ဆောင်နေတုန်းဆံပင် ပိုထူလာရာကနေ၊ မွေးပြီးတော့ ပါးသွားရတာပါ။ ကလေးဖွါးပြီး ၃ လောက်နေ ဆံပင်ကျွတ်တတ်တယ်။ သံဓါတ် နည်းရင်လည်း ဖြစ်တတ်တယ်။ ကွက်ပြီး ဆံပင်ကျွတ်တာက (အော်တို-အင်မြူး) ရောဂါရလို့ ဖြစ်တယ်။ ချွေးထွက်အိပ်တွေမှာ အလုံးအကျိတ် ကင်ဆာရောဂါ ရလို့လဲ ဖြစ်တယ်။ ဆေးကုမ္ပဏီတွေ အတော်အလုပ်ဖြစ်ကြတယ်။ တကယ်တော့ အောင်မြင်တာဟာ အကန့်အသတ်သာ ဖြစ်ပါတယ်။ ဆေးပညာအရ ဟုတ်ပါတယ်လို့ လက်ခံ Read more
Omicron Positive အိုမီခရွန် ကူးစက်ခံရလျှင် - February 15, 2022 ၁။ အဖေကင်ဆာသမား covid ကူးစက်ခံရလို့ ဘာတွေရှောင်ပီး (ရှောင်ပြီး) ဘာတွေ စားသင့်ပါသလဲရှင် ၂။ ဆရာခင်ဗျာ နေ့ခင်းဘက် ခြေဖျားတွေအေးတာက ၄ရက် ၅ရက်လောက် ၆ရက် ၇ရက်လောက်ခေါင်းတွေ တအားထိုးကိုက်တယ်။ ibuprofen400 သောက်တာလေးလုံးလောက်ရှိပြီ ခေါင်းမကိုက်တော့ဘူးဆရာ တစ်ခါတလေ(တခါတလေ) နည်းနည်းချမ်းစိမ့်စိမ့်တော့ဖြစ်တယ် လူကနည်းနည်း weak ချင်တယ်။ ပျမ်းမျှ ၇ရက် ၈ရက် မြောက်နေ့လောက် covid test စစ်ကြည့်တော့ P ထွက်တယ်။အဲ့တာ ibuprofen နေ့တိုင်းသောက်သင့်လားခင်ဗျ။ ဆောင်ရန်ရှောင်ရန်လေးပြောပြပေးပါခင်ဗျ။ နှာခေါင်းနည်းနည်းပိတ်ချင်တယ် လမ်းလျှောက်ရင် ခေါင်းကမူးချင်သလိုသိပ်မကြည်ဘူး ၃။ ဆရာရှင့် အသက် ၄၀အမျိုးသမီး ဆီးချိုရှိပါတယ်ရှင့်။ မနေ့ကစပြီး ချောင်းနည်းနည်းဆိုးလာတယ်ဆရာ။ ဒီနေ့မနက် ချောင်းဆိုးပြီးဖျားတယ်ဆရာ တခြား ခါးအောက်ပိုင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာရည်ယို၊ နှာပိတ်၊ နှာစေး၊ နှာချေနှာမွှန်ခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတွေတော့မရှိပါဘူး ဆရာ။ မနေ့ညက ချောင်းနည်းနည်းဆိုးတာနဲ့ ဒီနေ့ည ၇:၃၀ မှာ test kit နဲ့စစ်လိုက်တာ အောက်ကပုံအတိုင်းပါပဲရှင့်။ ဆက်လက်ပြီး isolation လုပ်စရာလိုသလားရှင့်။ ဆရာပြောတ Read more
Ringworm ပွေး - May 01, 2021 မိုးတောင်က ပွေးပေါင်ကလို့ အရပ်ခေါ်ခေါ်တဲ့ အရေပြားရောဂါကို ဆေးစာနဲ့ Ringworm အပြင် Dermatophytosis; Dermatophytid; Tinea လို့လဲခေါ်တယ်။ ဆေးစာအခေါ်လွဲနေတာက Worm ဆိုပေမဲ့ သန်ကောင်မဟုတ်ပါ။ Fungus ဖန်းဂတ်စ် ခေါ် မှိုတမျိုးဖြစ်တယ်။ အဖြစ်များတယ်။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ သူများကို ကူးလွယ်တယ်။ အတူနေတာ၊ အဝတ်အစား၊ ဘီး၊ ရေကူးကန်၊ တိရစ္ဆာန်တွေကနေ ကူးနိုင်တယ်။ မှိုပိုးရှိနေပြီး ကိုယ့်မှာ ပွေးကို မမြင်ရပေမဲ့ သူများကို ကူးစေနိုင်တယ်။ ယားမယ်၊ နီနေမယ်၊ အရေပြားအကောင်းထက် မြင့်နေမယ်၊ မီးလောင်ဖုလိုလဲ ဖြစ်နိုင်တယ်။ မန်းရည်လဲထွက်ချင် ထွက်နိုင်တယ်။ နုပ်ခမ်းသား တိတိကျကျရှိတယ်။ နီတာက ဘေးဘက်မှာ ပိုနီတယ်။ စက်ဝိုင်းလိုဖြစ်နေမယ်။ ဦးရေခွံမှာ ဖြစ်ရင် ဆံပင်ကျွတ်မယ်။ ခြေသည်း-လက်သည်းမှာဖြစ်ရင် ထူပြီး ပုံပြောင်းနေမယ်။ အမှောင်ခမ်းထဲမှာ အပြာရောင်မီးနဲ့ စမ်းတာကို Wood's lamp ခေါ်တယ်။ KOH exam စမ်းနည်း၊ Skin biopsy စမ်းနည်း နဲ့ Skin culture တွေလုပ်ပြီး သေခြာအောင်လုပ်နိုင်တယ်။ Griseofulvin စားဆေး အသက် ၃၅ နှစ် အမျိုးသား ဖြစ်ပါတယ်ခင်ဗျ။ ၂၀၀၅ ခုနှစ်မှာ သနပ်ခါးကုမ္ပဏီတစ်ခု(တခု)မှာ အလုပ်လုပ်ရင်း ပေါင်ကြားမှာ ပွေးတွေပေ Read more
Comments
Post a Comment