ကြွေတလက် ကြက်တခုန် Get link Facebook X Pinterest Email Other Apps - September 30, 2021 စကားပုံကို သတ်ပုံမှန်အောင်မရေးတာတွေ့လို့ ပြန်တင်ပါတယ်။ရွှေဘသည် ဇာတ်ကားတိုင်းမှာ အနိုင်ရသောဇာတ်လိုက်ဖြစ်၏။တဝမ်းပူသည် အရှုံးသမားဖြစ်သွား၏။ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
Daflon 500 mg လိပ်ခေါင်းဆေး - July 25, 2021 (ကန်တော့) ၁။ ဆရာရှင့် သမီးကအသက် ၂၂နှစ်ပါရှင့် သမီးမှာလည်းလိပ်ခေါင်းဖြစ်နေပါတယ်ရှင့် ခွဲစိပ်မှုမလုပ်ရင်သက်သာလာနိုင်မှာလားရှင့် သမီးအရမ်းကိုစိုးရိမ်နေမိလို့ပါရှင့် သမီးကိုပြန်ဖြေပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့် ၂။ ဆရာ တခုကူညီပါ လိပ်ခေါင်းရောဂါက ရပ်ကွက်ထဲက ဆရာဝန်နဲ့ပြတာ ရလားဆရာ လိပ်ခေါင်း ဆရာဝန်က သီးသန့်ရှိတာလားဆရာ။ တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၃။ ကျွန်မအသက် ၃၅ ပါဆရာ။ လိပ်ခေါင်းဖြစ်လို့ သားရေကွင်းတခါပစ်ဖူးပါတယ်။ နောက်ပိုင်း တခါထပ်ဖြစ်လို့ ခွဲလည်းခွဲစိတ်ဖူးပါတယ်ဆရာ။ အခုလည်း ထပ်ဖြစ်လို့ daflon ဆေးသောက်နေတာ ၄ ရက်ရှိပါပီ(ပါပြီ)ရှင့်။ ဝမ်းသွားပီး(သွားပြီး)ရင် ခဏနေရင် အဖုပြန်ဝင်သွားပါတယ်။ ဒါပေမဲ့ အထဲမှာ အောင့်ပီး(အောင့်ပြီး)နာနေတာ ၄ ရက်ရှိပီ(ရှိပြီ)ဖြစ်လို့ ထပ်ခွဲစိတ်ရမှာစိုးရိမ်လို့ပါရှင့်။ ကျွန်မ ကလေး ၃ ယောက်မိခင်ပါ။ အမျိုးသားက အဝေးမှာဖြစ်လို့ ကိုယ်ခွဲမရှိလို့ ခွဲစိတ်ရမှာ အဆင်မပြေဖြစ်မှာစိုးနေလို့ပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ တခါရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၄။ မင်္ဂလာပါဆရာ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာကြာပြီခင်ဗျ ဝမ်းသွားလျှင်သွေးပန်းထွက်နေလို့ပါဆရာ deflon 500mg စ... Read more
Vaginal itching မိန်းမကိုယ် ယားခြင်း - May 28, 2025 (ကန်တော့) ဆရာ မိန်းမကိုယ်မာ (မှာ) ယားနာဖုသေးသေးလေးတေ(တွေ) ပေါက်နေတာ များတယ် ဘာဆေးလိမ်းရမလဲ သောက်ဆေးရော ပြောပါအုန်း မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဟုတ်ကဲ့ရှင် အမျိူးသမီးပါ။ အသက်က ၃၃ ပါဆရာ အိမ်ထောင်ရှိပါတယ် ကလေးနှစ်ယောက်ရှိပါတယ်ရှင်။ ယားနာတော့ မဟုတ်လောက်။ ဒီနေရာမှာ ကြွက်နို့နဲ့ ရေယုံလည်း ဖြစ်တတ်တယ်။ အဖြူဆင်းတာနဲ့တွဲပြီး ယားတယ်။ အခုတလော မေးကြတာ ၃ ယောက်ရှိပြီ။ မိုးစိုစို မှိုကိုသတိထား။ မှတ်ရန် ကျန်းမာရေးမေခွန်းမှာ စာကို မှန်အောင်မရေးလည်း ဖတ်လို့တာလည်လောက်ရင် တလေးတစားဖြေပါတယ်။ Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲ... Read more
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ - May 11, 2021 (ကန်တော့) ဆရာ အသက်က ၂၈ နှစ်ပါ လိပ်ခေါင်းရောဂါက ခွဲစိတ်မှု ပြုလုပ်မှ ပျောက်မှာလားဆရာ ဘယ်လို လုပ်ရင်ပျောက်နိူင်ပါလဲ ဆရာ ဘာဆေးသောက်ရင် ပျောက်နိူင်ပါလဲ ဆေးလေး ညွှန်းကြားပေးပါဦးရှင့် လိပ်ခေါင်းရောဂါကနေ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။ ထွက်နေတဲ့လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို ဆားခါးမှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။ ဝမ်းသွားတဲ့အခါ နာတာ။ ဝမ်းပျော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးပတီးသီး၊ မုံလာ ဖြူ-နီ-စ... Read more
Comments
Post a Comment