ပညာတွင်းနက်ခဲ့ခြင်း

ကျွန်တော်တို့ဟာ ပညာတွင်းနက်တဲ့ခေတ်မှာ စာသင်ခဲ့ရတယ်။ ခေတ်သဘောအရ ခေတ်နောက်ကျခြင်းနဲ့အတူ အလယ်တန်းကျောင်းသားဘဝမှာ စစ်တပ်ကအာဏာသိမ်းခြင်းဟာလည်း အဓိကအကြောင်းခံတခု ဖြစ်ပါတယ်။ ဆယ်တန်းမှာ သိပ္ပံဘာသာတွဲကို အင်္ဂလိပ်လိုမသင်ရလို့ အမိန့်ထုတ်တာနဲ့ ကြုံခဲ့ရတယ်။ 

ဆေးကျောင်းရောက်တော့ ဆေးစာအုပ်အလွန်ရှားပါးလို့ ကျောင်းသားကြီးတွေက လက်ဆင့်ကမ်းကြရတယ်။

ဒုတိယအကြိမ် စစ်တပ်ကအာဏာသိမ်းတော့ နိုင်ငံရေးကြောင့် ပြည်ပထွက်ပြေးရတယ်။ ပြည်တွင်းက စာအုပ်တွေ မှာမရနိုင်။ စာအပေးအယူလုပ်တာတွေ့ရင် အဖမ်းခံရတယ်။ အဲလိုအခက်အခဲကြားကနေ ပညာရှာကြရပါတယ်။

ပုံကတော့ ၁၉၉၂ ခုနှစ် ဒိုင်ယာရီ နောက်ဆုံးစာမျက်နှာတွေမှာ မှတ်စုရေးထားတာဖြစ်ပါတယ်။ ကွန်ပြူတာ မသုံးနိုင်သေးတဲ့ကာလ။ နယူးဒေလီမှာ နေစဉ်က။

ပညာရှာရတာခက်ခဲပေမဲ့ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးကြောင်း အထောက်အထားလေးတခု ရတယ်။ တလုံးတည်းဖြင့် အေး သံထွက်ရ၏။

ရူးပီး ၅၀

ပြည်တွင်းမှာနေသူတွေက ကျပ်ငွေတန်ဖိုးအကြောင်း ရေးသားနေကြချိန်မှာ ကျွန်တော့ ၁၉၉၂ ခုနှစ် ဒိုင်ယာရီထဲက အိန္ဒိယပိုက်ဆံ ၅၀ တန်တရွက် ထွက်လာတယ်။ 

ကျွန်တော့ရာထူးတာဝန် တံဆိပ်တုံးလည်းပါတယ်။ အဲဒီကာလမှာ ကျွန်တော်လည်း ရှိစုမဲ့စုလေး သိမ်းထားခဲ့တာဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ

၃၀-၉-၂၀၂၁


Comments