ယောက်ျားကောင်းတယောက်
ရူပါရုံ အိပ်မက်
မက်ကို မက်ရမယ်။
ခက်လက်နုဝေစည်
တပြည် တကျီဆောက်
ကြယ်တံခွန် မိုးသောက်
ယောက်ျားကောင်းတယောက်။
မောင်ပေါက်စည် (မန်းတက္ကသိုလ်) ရဲ့ကဗျာတပုဒ်ကို မိတ်ဆွေတယောက်က တင်ပေးထားတယ်။ ကျေးဇူး။
အဲဒီခေတ်က ကဗျာဆရာတွေက မြန်မာစာသတ်ပုံမှန်အောင် ရေးကြပါတယ်။ တရွာတကျီဆောက်ကလည်း စကားပုံပဲ။
အခုတော့ တစ်ပြည်လုံး တစ်ကျီဆောက်နေကြတဲ့ မြန်မာစာ ယောက်ျားကောင်းတယောက် ဟုတ်ပါ၏လော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment