Calcium and Women အမျိုးသမီး နဲ့ ကယ်လ်စီယမ်
၂။ ဆရာ ကျွန်မက အသက် ၄ဝ ပါ။ အရိုးပါးတာကို ကာကွယ်ချင်ရင် Ca ကို ဘယ်လောက်သောက်သင့်ပါလဲ၊။
၃။ ကျမ ကလေးတွေ ဒီဆေးသောက်နေတာကောင်းလား။ ဆေးဆိုင်ကရောင်းတာ အသက် ၁ နှစ် ၉ လ ကလေး တိုက်နေတာ နားမလည်လို့ တိုင်ပင်တာပါဆရာ။
၄။ ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။
အမျိုးသမီး နဲ့ ကယ်လ်စီယမ် အလွန်အရေးကြီးတယ်။ အသက် ၃၅-၄ဝ နှစ်ကျော်လာရင် လိုပြီ။ ဗီတာမင်ဒီနဲ့ တွဲသောက်သင့်တယ်။ တနေ့ ၁ လုံးသာ။
• အမျိုးသမီးတိုင်း တနေ့မှာ 1000 mg လိုတယ်။
• အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 to 1,500 mg လိုတယ်။
• နို့တိုက်မိခင်တွေ 1,000 mg to 1,300 mg လိုတယ်။
• သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။
Osteoporosis အရိုးအားနည်းရောဂါဖြစ်နေရင် မတော်တဆကနေ အရိုးကျိုးလွယ်မယ်။ အရိုးထုထည်နဲ့ သိပ်သည်းမှု နည်းလို့ဖြစ်တယ်။ အမေရိကမှာ နှစ်စဉ် ဒီရောဂါနဲ့ဆက်ပြီး အရိုးကျိုးသူပေါင်း ၁့ ၃ သန်းကျော်တယ်။ အသက် (ရဝ) ကျော် ယောက်ျား-မိန်းမတွေ တနေ့မှာ ဗီတာမင်ဒီ 800 IU လိုအပ်တယ်။ ဒိထက်ငယ်သူတွေက 600 IU လိုတယ်။ (ကယ်လ်စီယမ်) စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။
သက်သတ်လွတ်စားသူ၊ Lactose intolerance ရောဂါရှိသူ၊ (ပရိုတင်း) အစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးအားနည်းသူ၊ Corticosteroids ကော်တီကိုစတီရွိုက်ဆေး ကြာကြာသုံးနေရသူတွေမှာ အစားအသောက် ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။
Hypocalcemia (ကယ်လ်စီယမ်) နည်းနေခြင်း = သွေးစစ်တဲ့အဖြေမှာ 2.1 mmol/L or 9 mg/dl or an ionized calcium 1.1 mmol/L or 4.5 mg/dL ထက်နည်းတာကို ခေါ်တယ်။
ဘာတွေခံစားရမလဲ = CATS go numb ဆိုပြီး အမှတ်ရလွယ်အောင် လုပ်ထားတာရှိတယ်။ Convulsions, Arrhythmias, Tetany and numbness တက်မယ်၊ နှလုံးခုန်တာ မမှန်ဖြစ်မယ်။ လက်၊ ခြေ နဲ့ ပါးစပ်နားတဝှိုက် ထုံနေမယ်။ ဒါ့ပြင် Petechiae သွေးခြည်ဥလေးတွေထွက်မယ်။ Tetany ကြွက်တက်တာမှာ ၂ မျိုးရှိတယ်။ ချက်ချင်းကြီး အရမ်းနာပြီး တက်တာနဲ့ စမ်းကြည့့်မှ တက်တာ။ ဆရာဝန်တွေက Trousseau sign, Chvostek's sign ဆိုတဲ့နည်းတွေနဲ့လည်း စမ်းကြည့်မယ်။ Laryngospasm နဲ့ Cardiac arrhythmias တွေကတော့ အသက်ကိုရန်ရှာနိုင်တဲ့ နောက်ဆက်တွဲ ဖြစ်မှာတွေဘဲ။ ECG ရိုက်ရင် မူမမှန်တာတွေတွေ့မယ်။
နည်းနေသူတွေမှာ သွေးယိုမယ်၊ မူးမေ့ချင်မယ်၊ အထဲသွေးယိုလို့ ဖေါင်းနေတာဖြစ်မယ်၊ ရောဂါပိုးဝင်လွယ်မယ်၊ သွေးခြည်ဥပေါ်မယ်။
ဘယ်လိုပြုပြင်မလဲ = အရေးပေါ်ဖြစ်ရင် Calcium gluconate 10% ၂ လုံးကို တခါတည်း ဖြေဖြေး ၁ဝ မိနစ်ကြာ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဒါပေမဲ့ နည်းနေတာက နာတာရှည်ဖြစ်ပြီး ဆိုးဝါးနေသူကို အဲလို မပေးရဘူး။
(ကယ်လ်စီယမ်) ဘယ်လောက်လိုသလဲ အသက်။ ကျား-မ အလိုက်လိုအပ်တယ်။
ယောက်ျား (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51-70 years 1,000 - 2,000 mg
71 and older 1,200 - 2,000 mg
မိန်းမ (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51 and older 1,200 - 2,000 mg
(ကယ်လ်စီယမ်) ပါတဲ့ အစားအသောက်များ = နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။
Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က စျေးချိုတယ်။ တခြားဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။
Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။
၁။ Hyperparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်းများနေခြင်း၊
၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။ Multiple Myeloma (မာလ်တီပယ်-မိုင်လိုးမား)၊ Squamous cell cancer of the lung အဆုပ်ကင်ဆာတမျိုး၊ ရင်သားကင်ဆာ နောက်ပိုင်း၊ ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊ Squamous Cell Cancer of the Head and Neck (very advanced) ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။
၃။ Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ရောဂါ
၄။ ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊
၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊
၆။ Milk-Alkali Syndrome ရောဂါ၊
၇။ Paget's disease of the Bone အရိုးရောဂါ၊
ဒါကြောင့် ဆေးသောက်လို့ ရောဂါရတဲ့အထိမဖြစ်ကြပါ။ ကျောက်ကပ်မှာ ရောဂါရှိမှသာ များနေမယ်။
1. Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း
2. Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်
3. Lumbar spondylosis ခါးရိုးကျီးပေါင်းတက်ခြင်း
4. Osteoarthritis အရိုး-အဆစ်နာရောဂါ
5. Osteophytosis အရိုးရောဂါတမျိုး
6. Osteoporosis အရိုးပွရောဂါ
7. Vitamin D ဗီတာမင် (ဒီ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment