CDC to pregnant women: Get vaccinated against Covid-19 ကိုယ်ဝန်ဆောင်များ ကိုဗစ်ကာကွယ်ဆေး ထိုးပါရန်

၂၉-၉-၂၀၂၁ CNN သတင်းဖြစ်ပါတယ်။ အမေရိကန် CDC ခေါ် ကူးစက်ရောဂါများထိန်းချုပ်ရေးအဖွဲ့ရဲ့ အရေးပေါ်လမ်းညွှန်ချက်ဖြစ်ပါတယ်။ 

ကိုယ်ဝန်ဆောင်များ ကိုဗစ်ကာကွယ်ဆေး ထိုးပါတဲ့။ ကိုယ်ဝန်ဆောင်တော့မဲ့သူတွေနဲ့ နို့တိုက်မိခင်တွေလည်း ထိုးနိုင်တယ်။ 

အခုထိတော့ ယူအက်စ်အေမှာ ကိုယ်ဝန်ဆောင် ၃၁% ကသာ ကိုဗစ်ကာကွယ်ဆေး ထိုးကြသေးတယ်။ ကိုယ်ဝန်ဆောင် ထောင်နဲ့အမျှ ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတက်ကုသမှုခံယူနေကြရပြီး ၁၆၀ ယောက် သေဆုံးပြီ။ သြဂတ်စ်လထဲမှာ သေဆုံးတာ ၂၂ ယောက်ရှိတယ်။ 

အမေရိကားမှာ အာရှကလာနေထိုင်သူတွေက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ၄၅့ရ% နဲ့ အမြင့်ဆုံးဖြစ်တယ်။ လက်တီနို ခေါ် စပိန်စကားပြောအုပ်စုက ၂၅% သာထိုးကြတယ်။ အာဖရိကန်အမေရိကန်တွေက အနည်းဆုံး ၁၅့၆%။

ယူအက်စ်အေမှာက Pfizer နဲ့ Moderna အမျိုးအစားတွေကို ထိုးတယ်။ မြန်မာပြည်မှာက တရုပ်ဆေးဖြစ်လို့ သူ့သတ်မှတ်ချက်တွေကိုသာ လိုက်နာရပါမယ်။ တရုပ်ကိုဗစ်ကာကွယ်ဆေးအကြောင်း မကြာခဏ တင်ပြထားပြီးပြီ။

ဒေါက်တာတင့်ဆွေ

၃၀-၉-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ