Most cancer types just bad luck ကင်ဆာနဲ့ ကံတရား

နိုင်ငံရေးကို အကဲဒမစ် ခေါ် လေ့လာ သုတေသနဘက်မှာ အားသန်သူတဦးနဲ့ တလောက လက်ဖက်ရည်ဆိုင်မှာ စကေားပြောကြယင်း ကင်ဆာနဲ့ ကံတရားကို ပြောမိတော့ ရှိသလားလို့ မေးပါတယ်။ ရေးထားတာတခုကို တင်ပြမယ်။ မနှစ်က ရေးထားတာ။ မူရင်း ဆေးပညာဆောင်းပါးကို ဘီဘီစီ အင်္ဂလိပ် ဝဘ်ဆိုက်မှာ ၂-၁-၂၀၁၅ တုန်းက တင်ထားတာ။
Most cancer types just bad luck https://www.bbc.com/news/health-30641833
Luck ကို ကံ၊ ကံကောင်းခြင်း၊ ကံတရားလို့ ဘာသာပြန်ကြပါတယ်။ အခုဆေးသုတေသနအရ ကံမကောင်းခြင်းပါ ထည့်ရမလို။
ကျွန်တော်ဆေးပညာစာတွေရေးတာ ဖြေတာထဲမှာ ဘာလို့ဖြစ်မှန်းမသိနိုင်သေးတဲ့ ရောဂါတွေဆိုရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့အကြောင်းလေးပါးကို ထည့်ရေးပါတယ်။ ဆေးသုတေသနအရရေးတာတော့ မဟုတ်ပါ။ ၂-၁၂-၂၀၁၅ နေ့ထွက် ဆေးသုတေသနသတင်းအရ ကျွန်တော်ပြောတာ မမှားကြောင်းသိလာရပါတယ်။
အမေရိကန်သုတေသနလုပ်တဲ့အဖွဲ့တခုရဲ့ တွေ့ရှိချက်အရ (တစ်ရှူး) အမျိုးအစားတချို့ဟာ ကင်ဆာဖြစ်စေဘို့ အဆပေါင်း သန်းနဲ့ချည်ပြီး ခံနိုင်ရည်မရှိကြတာကို သိလာတာဖြစ်ပါတယ်။ လေ့လာမှုလုပ်သမျှ ကင်ဆာတွေထဲက ၃ ပုံ ၂ ပုံဟာ မတော်တဆပြောပြော ကံတရားအရဆိုဆို (မြူတေးရှင်း) ဖြစ်ကြတယ်။ လူနေမှုပုံစံအရ ကင်ဆာဖြစ်တယ်လို့ပြောမရပါ။
လူ့ကိုယ်မှာ (ဆဲလ်) တွေဟာ အသစ်ဖြစ်လာ၊ ရင့်အိုပြီး သေနေကြတယ်။ အသစ်ဖြစ်ဘို့ရာ (စတမ်ဆဲလ်) တွေက ပွါးများလာရတယ်။ အဲဒီပွါးများဖြစ်စဉ်မှာ (မြူတေးရှင်း) ခေါ်တဲ့ မဖြစ်သင့်တာကိုပြောင်းရင် ကင်ဆာဖြစ်နိုင်တယ်။
ဆေးသုတေသနလုပ်သူတွေကနေ (စတမ်ဆဲလ်) ၃၁ မျိုးကို လေ့လာတယ်။ တွေ့ရှိချက်ကတော့ ကင်ဆာ ၃ ပုံ ၂ ပုံဟာ ကံမကောင်းလို့ဖြစ်တာကိုတွေ့လာရတယ်။ အဲလိုဖြစ်တာကို တားလို့လဲမရပါ။ အဲဒီကင်ဆာအမျိုးအစားတွေထဲမှာ Glioblastoma ခေါ်တဲ့ ဦးနှောက်ကင်ဆာ၊ အူသိမ်ကင်ဆာနဲ့ သရက်ရွက်ကင်ဆာတွေ ပါတယ်။
လူနေမှုပုံစံကြောင့်ဖြစ်ရတာတွေလဲ အသေအချာရှိပါတယ်။ အရက်သေစာသောက်တာ၊ နေရောင်ထဲအကြာကြီးနေတာ၊ ကိုယ်အလေးချိန်များတာတွေပါတယ်။ ဆေးလိပ်သောက်လို့ ကင်ဆာဖြစ်ရတာ ကင်ဆာအားလုံးရဲ့ ၅ ပုံ ၁ ပုံရှိပါတယ်။
- Basal cell carcinoma (ဘေဆယ် ဆဲလ် ကာစီနိုးမား) အရေပြားကင်ဆာက ခရမ်းလွန်ရောင်ခြည်များတာနဲ့ ဆိုင်တယ်။
- Lung cancer အဆုပ်ကင်ဆာက ဆေးလိပ်နဲ့ဆိုင်တယ်။
- Colon cancer အူမကြီးကင်ဆာက အစားအသောက်ညံ့တာနဲ့ မျိုးဗီဇနဲ့ဆိုင်တယ်။
အမေရိကမှာ ၆့၉% အဆုပ်ကင်ဆာဖြစ်နေတယ်။ ဝ့၆% ဦးနှောက်ကင်ဆာဖြစ်တယ်။ လူတသန်းမှာ ရ့၂ ယောက် အသံအိုးကင်ဆာဖြစ်တယ်။ အစာခြေလမ်းထက်ပိုပြီး အစားအသောက်နဲ့ မတွေ့ရတဲ့ ဦးနှောက်မှာ ကင်ဆာဖြစ်တာက အူသိမ်ကင်ဆာထက် ၃ ဆ များနေတယ်။ 
အံစာတုံးပြစ်ရင် ဘာဂဏန်းကျမလဲမသိနိုင်သလိုပါပဲ။ တချို့ကင်ဆာတွေက ဘာလို့ဖြစ်သလဲပြောမရပါ။ ကံတရားပါပဲ။ ကံကောင်းကြပါစေ။ ကံကောင်းချင်ရင် စိတ်ကောင်းထားပါလေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ