ပျို့မှာတမ်း - ပျို့မှတ်တမ်း

စိတ်ချလက်ချ ကြည်ဖြူချင်

မြေပေါ်တွင် သူဘဲစွဲလို့သာခင်

သစ္စာတော်ပန်း မသွေတမ်းပင်

တူနှစ်ကိုယ် အသည်းရွှေခိုင် မြဲခိုင်ခိုင်

ပေါင်းဖက်ဖို့ စိတ်မှာ မျှော်မြင်

အခုများဖြင့် သူဉာဏ်တွေဝင်

အသစ်တွေ့လို့ မောင်မေ့တယ်ထင်


မျှော်သူပမ်း လွမ်းသမျှ စာတင်

ချစ်သူ့ထံ ရည်မှန်း ပျို့မှာတမ်း ဆက်တယ်ရှင်

မိုးကလေးညိုညို လွမ်းစိတ်ပိုချင်

ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင် 

သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ စိတ်စွဲလို့ပင်

ချစ်သူ့မျက်နှာလေးကို တမြင်မြင်

စားစားသွားသွားနေနေ မောင့်အပူပွေသူပါရှင်

မြင်တော်မူဦး မောင့်ရဲ့မေ့တတ်လွန်းထင်

လွမ်းစာရေးလိုက်ရပါတယ်ရှင်

မိန်းကလေး လက်ရေးသီရင် ခွင့်လွှတ်မယ်ထင်

တကိုယ်ရည်တွေးဆွေးနေ မရွှင်

ရော်ကာရမ်း ခန်းစက်ရာဝင်

မျက်တောင်ကလေးယှက်

ဖူးလက်တင် ဖော်မဲ့သူတွင်

စိမ်းကားသလောက် ပျိုမငြိုငြင်

လာခဲ့ရင်ရင်တွေ့မှာမို့လား

ဒေါသမထားရက်ဘူးရှင်

အသက်လောက် မောင့်ကိုပဲခင်

မိဘအပေါ် ဆိုးနွဲ့လေသမျှ

သူနဲ့ကျမှ ဝဋ်လည်တယ်ထင်

သနားစေချင်လို့ ပျို့ငွေလွှာတင်

မိုးကလေးညိုညို လွမ်းစိတ်ပိုချင်

ညနေဆီ နေရည်ရင်လည်း

တမ်းတကာပဲရှင် သော်တာလမင်း

သာဆဲမှာလည်း ဒါဘဲ စိတ်စွဲလို့ပင်

ချစ်သူ့မျက်နှာလေးကို တမြင်မြင်

မိုးကလေးညိုညို လွမ်းစိတ်ပိုချင်

ညနေဆီ နေရည်ရင်လည်း

တမ်းတကာပဲရှင် သော်တာလမင်း

သာဆဲမှာလည်း ဒါဘဲ စိတ်စွဲလို့ပင်

ချစ်သူ့မျက်နှာလေးကို တမြင်မြင်

စားစားသွားသွားနေနေ မောင့်အပူပွေသူပါရှင်

မြင်တော်မူဦး မောင့်ရဲ့မေ့တတ်လွန်းထင်

လွမ်းစာရေးလိုက်ရပါတယ်ရှင်

မိန်းကလေး လက်ရေးသီရင်

ခွင့်လွှတ်မယ်ထင်

- ဟထိုးမရေးချင်သူတွေက ပျို့မာတမ်း တဲ့။

- တမှန်သမျှ စသတ်ချင်သူတွေက တစ်ကိုယ်ရည်တွေး ဆွေးနေမရွှင် တဲ့။

- တစ်မြင်မြင် နဲ့ တမ်းတစ်ကာပဲရှင် ခေတ်ကို ရောက်လာပါတော့မည်။

ပျို့မှာတမ်း-မေရှင် https://www.facebook.com/watch/?v=702138553664036

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ