ဆောင့် နှင့် စောင့်

၁။ သာအိမ်မှာ ရေအိပ် ၂လုံးတည်နေတယ် သာအိမ်လဲရောင်နေတယ် စိုးရိမ်ရလားရှင့် 2cm မပြည့်လို့ ဆရာဝန်က ၆လအထိ ဆောင့်ကြည့်ရမယ် ပြောတယ် စိတ်ထဲမှာ တော့ တအားကြောက်နေတယ် သာအိမ်ခေါင်း ကင်ဆာလဲ စစ်ထားပါတယ် အဖြေက မသိသေးဘူးဆောင့်ခိုင်းထားတုန်းပါ ဘာဆေးတွေသောက်ရမလဲ ပြောပြပေးကြပါရှင် တအားကြောက့်နေလို့ပါ
သားအိမ်အလုံး အကျိတ်နဲ့ မျိုးဥအိမ်ရေအိတ်စာတွေ မကြာခဏတင်ပါတယ်။ ဘာလော့မှာရှိတယ်။ သားအိမ်လို့ ရေးရ။ စောင့်ကြည့်လို့ ရေးရ။ စောင့်ခိုင်းလို့ ရေးရ။ ရေအိတ်လို့ ရေးရ။ ကြောက်မှာ အောက်မြစ် မလိုပါ။ တအားကို စမသတ်တာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ 
၂။ မင်္ဂလာပါဆရာ။ ကျွန်တော် အသက် ၂၁ နှစ်ပါ၊ ယောက်ျားလေးပါ။ ကျွန်တော်ညာဘက်လက်မှာ အနီဆက်ကလေးတွေ ထွက်နေလို့ပါ။
အနီစက်လို့ ရေးရ။ ဆက်ဆိုတာ ဆက်စပ်သည်။ ဆက်သွယ်သည်။ ဆက်ဆံရေး။
ဟုတ်ကဲ့ပါ။ စာလုံးပေါင်း အမှားတွေကို ထောက်ပြတဲ့အတွက်ကျးဇူးတင်ပါတယ်။ အဲ့သည်နေ့က နောက်မှာ ဆောင့်နေတဲ့ လူနာတွေအရမ်းများတော့ -
စောင့်နေတဲ့လို့ ရေးရ။
၃။ ဆရာခင်ဗျာ ကျတော် အသက်၂၈ပါ။ ဘီပိုးရှိပါတယ်။ - ဆရာမက ဆောင့်ကြည့်ကုထုံးနဲ့ ကုသမယ်ပြောပါတယ်။ ဒါပေမဲ့ ခုဆို အရောင်ပါတဲ့အချိူရေတို့ အားဖြည့်အချိုရေတို့ သီးစုံဓါတ်စားရေးတို့ အချဉ်ရေတို့ - ခုဆို တနှစ်ကျော်ပါပြီ။ ပေါ်လိုက်ပြောက်လိုက်နဲ့ပါဆရာ။
စောင့်ကြည့်လို့ ရေးရ။ ပေါ်လိုက်ပျောက်လိုက်လို့ ရေးရတယ်။ ဓါတ်ဆားရေလို့ ရေးရတယ်။
၄။ ဆရာရှင့် ဆောင့်ခဲ့လည်း မသက်သာလို့ တွေ့လို့ပါဆရာ။ စောင့်အသုံးနှင့် ဆောင့်အသုံးလေး သိပါရစေရှင့်။
စောင့်
ဥစ္စာစောင့်
စောင့်စည်းသည်
စောင့်စားသည်
စောင့်ဆိုင်းသည်
စောင့်ထိန်းသည်
စောင့်နေသည်
စောင့်မျှော်သည်
စောင့်ရှောက်သည်
ဆောင့်
ကားဆောင့်သည်
တခုခုနှင့် ဆောင့်မိသည်
ဆောင့်တွန်းသည်
ဆောင့်ကြွားကြွား
ဆောင့်ကြီးအောင့်ကြီး
ဆောင့်ကြောင့်ထိုင်သည်
ဗေဒါလမ်းကဗျာ (ဇော်ဂျီ)
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ််လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။    ။
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကို သီချင်းဖွဲ့ဆိုပါတယ်။ အဆိုတော်တွေက အမျိုးမျိုး။ ပဌမဆုံးအဆိုတော်က ကြည်ကြည်ဌေးထင်ပါတယ်။ ပန်းပန်လျက်ပါရုပ်ရှင်ထဲမှာ။ အသံပီသတယ်။ နောက်ပေါ်အဆိုတော်တချို့က မပီသဘူး။ ကဗျာကို ကူးတင် ကူးထုတ်သူတွေက အမှား ၆ မျိုးနဲ့ မှားကြတယ်။
နောက်တချီ၊ ဒီတလုံး၊ တလံကွာ၊ တပင်ထဲ၊ တရာနှစ်ရာ၊ ပန်းပန်လျက်ဘဲ။
http://kyeinyeitmaye-poem.blogspot.com/2010/10/blog-post_4911.html မှာ မှန်တယ်။ ကောင်းတယ်။
https://www.youtube.com/watch?v=S2YY2zCpn4k
https://www.youtube.com/watch?v=jWOpAP7386Y

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ