သက်ဝေ

တေးရေး - မြို့မငြိမ်း
ဆို ပြည်လှဖေ၊ မေရှင်

သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ
မေတ္တာမိုးတွေ သွန်းဖြိုးရွာစေ
အသဲမှာ စွဲမက် အသက်ကို ပုံတယ်လေ
တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ
အသွေးယူ အသားကို လှူလှူ
စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး
မဒီဒေဝီ ဝေသန်ထုံးလို
နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရောစိတ်က
လိုက်လျှောရပါမယ်လေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ချစ်တဲ့သူ အမူတုံးကလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့အပြင်
ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကို ခြွေ
သက်ဝေ ချစ်မက် မပြေတယ်လေ
ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပင်
မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ
မခိုင်းရက်ဘူးကွယ့်
သည်ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ
ချစ်သက်ဝေနှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ
လှသထက် လှမယ်ဆိုရင်
ဆေးဖက် ဝင်ပါသလား
မောင့် အသားတွေ
မောင့် အသွေးတွေ
မောင့် အသည်းတွေ
မောင့် နှလုံးတွေ သြော် အသုံးပြုပါလေ
ကြည်ဖြူပါတယ်
လိုရာကို ယူစေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ချစ်တဲ့သူ အမူတုံးကလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရှိးတဲ့အပြင်
ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကို ခြွေ
သက်ဝေ ချစ်မက် မပြေတယ်လေ

https://www.youtube.com/watch?v=kJsIBCnBUT4

တကိုယ်လုံးကို တကိုယ်လုံးလို့ ရေးရတယ်။ မြင့်မိုရ် လို့ရေးတယ်။ မြင်းမိုရ် က မူကွဲ။ ၁၉၄၁ ခုနှစ်မှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးလောက်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ