ထုံသင်း ကြိုင်လှောက် ရွှေပိတောက် ချိုကြည်ကြည်ရယ်

ကြိုင်လှောက်ရဲ့အဓိပ္ပါယ်က ကြိုင်လှိုင်တာကို ပြောတာလား ဆရာ
(၁) တပေါင်းလဘွဲ့ သဖြန်လေးဆစ်
ပန်းရွှေဖီ ကြိုင်လှောက်လို့
ပိတောက်ကယ်တဲ့ သင်းချို
ဥတ္တရာ ဘရဂုဏ်က
တိမ်ဘုံမှာ ရောင်ချည်လင်းလို့
လမင်းသော်တာနှင့်
တူမကွာ ထိန်ဝါလဲ့
ထွန်းတဲ့ခါကို။
သောင်သဲငယ်မို
ရောင်ညိုရစ်မို့
လေညှင်းငယ်လာ
စုံဟေမာ မြိုင်ထဲက
ဝမ်းဘဲရွှေစင်ရော်တို့
တကြော်ကြော် မောင်နှံကြူးတယ်
မြူးပျော်ကြလို့။ (ဖိုးသူတော် ဦးမင်း)

(၂) ပိတောက်လမ်း
အို ကိုယ်တတယောက်တည်း
ပိတောက် လမ်းဝယ်
လျှောက်စမ်း ချင်ပါတယ်
တလွင့်လွင့်ကြွေ
ပန်းခြွေခြွေ ရွှေရည်လျှမ်းပေတယ်
စမ်းရေကျသံ သာမောဖွယ်
တီးတိုးရယ်သံ
ကိုယ့်ကို လှောင်လေသလားကွယ်
ထုံသင်း ကြိုင်လှောက်
ရွှေပိတောက် ချိုကြည်ကြည်ရယ်
ငိုရယ် ငိုရယ် စသလား
ကိုယ့် အပါးထံ လွင့်လွင့် ပြန်တယ်
အတိတ်ရယ် ဇာတ်ကြောင်း
ပြန်ပြောင်း မပြောလိုပါဘူးကွယ်
ချစ်သူချင်းဆုံ
ပန်းရဂုံအလယ်
ချစ်သူခွာပြေး ဟိုအဝေးနှယ်
(သီချင်းမှာ သီချင်းစာသားပါနေရင် မှန်အောင်ရေးထားတာ အလွန်ရှားတယ်။ ဒီလင့်က မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ မြန်မာစာ ပိတောက်လမ်းမှာ လျှောက်လှမ်းလာတော့မည်လော။ ကိုယ်တယောက်တည်းလော။)
တေးရေး စန္ဒရားချစ်ဆွေ
တေးဆို မာမာအေး
https://www.facebook.com/100012804511506/videos/641873697748450?idorvanity=1622572604665663
https://www.youtube.com/watch?v=HO1gJv62JZc

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ