ကသတ်နဲ့ တသတ်

၁။ ဒေါက်တာ ခဗျာ ပညက်နဲ့ ပရမက် အကြောင်း အခြေခံမှ စပြီး ရှင်းပြပေးပါ။ ကျေးဇူးတင်ပါသည်။

ကျွန်တော့်ထက် ပြောနိုင်သူတွေက ပြောတာ ပိုကောင်းပါမယ်။ ကျွန်တော်က ပိုပြောတတ်တာက ပညတ် နဲ့ ပရမတ်။ ပညက် မဟုတ်။ ပရမက် မဟုတ်။ ကသတ်နဲ့ တသတ် မှားရေးနေတာတွေ နေ့တိုင်းတွေ့ရတယ်။

၂။ ချစ်ခင်စုံမက် ချစ်ခင်စုံမတ် ဘယ်ဟာအမှန်လဲဆရာ

မတ်

တသမတ်

ဒိန်းမတ်နိုင်ငံ

ပရမတ်

မင်းတိုင်ပင်အမတ်

မတ္တရာမြို့

မတ် (ညီမ၏ခင်ပွန်း)

မတ်ခွက်

မတ်တတ်စာ

မတ်တတ်နာ

မတ်တတ်ယပ် (ယပ်တောင်)

မတ်တတ်ရပ်လို့ လမ်းမှာငို

မတ်တရာ = ကျပ်အစိတ်

မတ်ပဲ

မတ်မတ်စိုက်ပါ

မတ်မတ်တူးပါ

မတ်ရပ်ပုံတော်

မတ်လ

မတ်စေ့

မတ်စောက်သော

မရီးနှင့် မတ်

မှူးမတ်

ရာဇမတ်

သွားကာမတ္တ

ထောင်မတ်နေသည်

ဖြောင့်မတ်သူ

နှစ်မူး တမတ်

ငွေတမတ်၊ 

မတ်တရာ ကျပ်အစိတ်။

မတ် သဒ္ဒါ

ညီမနှင့် မတ်၊ လောကနတ်ကို၊ ရိုညွတ်အစုံ

မင်းထက်အမတ်၊ အရှိမြတ်မူ၊ ရေရွတ်ဗိုလ်လူ

မင်းမှူးမင်းမတ်၊ ဝန်ပတ်ပြောထူ

နိုင်တမ်းမချွတ်၊ တရားဖြတ်သည်၊ မတ်မတ်နှလုံး တော်သတည်း

ရွေးပဲမူးမတ်၊ ခွဲကျပ်ပိဿာ

ငွေစင်တမတ်၊ ဖြတ်၍ရောင်းလည်း

တံခွတ်ရိမတ်၊ မလည်ထွတ်ဝယ်၊ ရေနတ်နဂါး (ကျော်အောင်စံထားဆရာတော် ဝါဟာရတ္ထပကာသနီ ကောက်နုတ်ချက်

၁၉၆၉ ခု၊ ဟံသာဝတီတိုက်ထုတ်)

မက်

ကရမက်

စုံမက်ချစ်ခင်

တပ်မက်သည်

မက်ကလောင်နာ

မက်မက်မောမော

မက်မန်းသီး

မက်မွန်သီး

မက်လင်ချဉ်

မက်မောတွယ်တာသည်

ရဲမက်ဗိုလ်ပါ

သမက်

အိပ်မက်

ဘူရိဒတ် လင်္ကာ

တရှိုက်မက်မက်၊ တသက်သက်လျှင်၊ စက်လက်မျက်ရည်၊ ဆည်လည်းမတတ်၊ မိန်းသေပြတ်မျှ၊ ကြင်ဆွတ်လေလေ၊ အောက်မေ့ချေသော်၊ မပြေတို့နိုင်၊ ကမ်းနယ်ယိုင်လျက်၊ ရိပ်မြိုင်နန်းထဲ၊ နေစမြဲသား၊ သွေးခဲဘုန်းခေါင်၊ မယ်တော့်မောင်ကို၊ ပြောင်ပြောင်ဝင်းဝင်း၊ ဗိမာန်တွင်း၌၊ ဟင်းလင်းအချည်း၊ မြင်ကတည်းက၊ အူသည်းငြိမ့်ငြိမ့်၊ ကြောခြင်စိမ့်မျှ၊ နှစ်သိမ့်လွမ်းရူး၊ ပက်လက်မူးလျက်၊ အထူးရှေ့နောက်၊ တောင်မြောက်မသိ၊ မျက်စိမိုက်မိုက်၊ မှောင်တိုက်အသွင်၊ ယခုထင်ခဲ့၊ တိုင်ပင်နှိုင်းချက်၊ သားဝမ်းထွက်နှင့်၊ ဆိုတတ်မနီး၊ တဖျင်ကြီးသို့၊ ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန့်၊ မသန့်စန်းလဂ်၊ ရှေးဝိပါတ်ကြောင့်၊ ရေငှက်ဟင်္သာ၊ ရေမဲ့ရာ၌၊ မျက်နှာအောက်ချ၊ မှိုင်လည်တသို့၊ သားလှလုလင်၊ မျိုးလွန်းကြင်ကို၊ ဖူးချင်တောင့်တ၊ မတွေ့ရ၍၊ ကြောင့်ကြညှိုးချုံး၊ မရွှင်ပြုံးသည်၊ ကိုယ်လုံးသမ်းတို့စွတကား။ (ရှင်မဟာရဋ္ဌသာရ)

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ